Healthy Life Ad
Health Tips

သင်ထင်ထားသည်ထက် ပိုအန္တရာယ်များသော ရှေးဦးသူနာပြုစုနည်းအမှားများ

ထိခိုက်ဒဏ်ရာတစ်ခုကို ချက်ချင်းနဲ့ ကောင်းကောင်း ကုသမှုခံယူတာက မြန်မြန်သက်သာစေပါတယ်။ ဒါပေမဲ့ လူအများစုဟာ ထိခိုက်ဒဏ်ရာဖြစ်ပြီဆိုရင် မမှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ကုသလေ့ ရှိတတ်ပါတယ်။
alignnone size-medium wp-image-55091
အမှား -မီးလောင်ဒဏ်ရာကို မကုသဘဲ အကြာကြီး ပစ်ထားခြင်း

ထောပတ် ဒါမှမဟုတ် ရေခဲကို မေ့လိုက်ပါ။ မီးလောင်နေတဲ့အရေပြား ဒဏ်ရာသက်သာစေဖို့နဲ့ အနာကျက်မြန်စေဖို့ အကောင်းဆုံးနည်းက ရေအေးနဲ့ လောင်းချပေးဖို့ပဲ ဖြစ်ပါတယ်။ စက္ကန့်အနည်းငယ်လောက်ဆိုရင် မလုံလောက်ပါဘူး။ အနည်းဆုံး ၁၀-၂၀ မိနစ်လောက် လုပ်သင့်ပါတယ်။ မီးလောင်ဒဏ်ရာက အပူဟာ အရေပြားအတွင်းထဲအထိ ရောက်တတ်ပြီး တစ်သျှူးတွေကို ဆက်လက်ထိခိုက် ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် နောက်ထပ်ထိခိုက်မှု ဆက်မဖြစ်စေဖို့ ရေအေးထဲ စိမ်ထားသင့်တာပါ။

alignnone size-medium wp-image-55092
အမှား – နှာခေါင်းသွေးယိုချိန်အတွင်း ဦးခေါင်းမော့ထားခြင်း

နှာခေါင်းသွေးယိုတဲ့အခါ ခေါင်းကိုမော့ထားရင် လည်ချောင်းနောက်ဘက်ကို သွေးတွေ စီးဆင်းသွားစေနိုင်တဲ့အတွက် ချောင်းဆိုးတာနဲ့ အသက်ရှူလမ်းကြောင်းပိတ်တာတို့ ဖြစ်နိုင်ပါတယ်။ အဲဒီအစား နှာခေါင်းကို လက်ညှိုး၊ လက်မနဲ့ ခပ်တင်းတင်း ဖိနှိပ်ပေးပါ။ ခေါင်းကိုမတ်မတ်ထားပြီး မေးစေ့ကို မြေပြင်နဲ့အပြိုင်ထားပါ။ ထိုင်ပြီး သက်သောင့်သက်သာနေပါ။

alignnone size-medium wp-image-55093
အမှား – အရိုးအက်ခြင်း၊ ဒဏ်ဖြစ်ခြင်းတို့ကို အပူကုထုံးခံယူခြင်း

အရိုးဒဏ်ဖြစ်တာ၊ အရိုးအက်တာတွေအတွက် အမြဲတမ်း အအေးကုထုံးကို အရင်သုံးပါ။ ရေခဲနဲ့ ကုသတာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ အပူကုထုံးက သွေးစီးဆင်းမှုကို တိုးစေပြီး ရောင်ရမ်းမှုကို ပိုဆိုးစေနိုင်ပါတယ်။

alignnone size-medium wp-image-55094
အမှား – ထိခိုက်ထားသော မျက်စိမှ အမှိုက်များဖယ်ရှားရန် ကြိုးစားခြင်း

မျက်စိတစ်ခုခု ထိခိုက်သွားရင် မျက်စိထဲက အမှိုက်တွေကိုထုတ်ဖို့ အတင်းအကျပ် ကြိုးစားတာက မျက်စိကို ဒဏ်ရာဖြစ်စေနိုင်ပြီး ရာသက်ပန် ထိခိုက်မှု ဖြစ်နိုင်ပါတယ်။ အဲဒီအစား မျက်စိကို တစ်ခုခုနဲ့အုပ်ထားပြီး မျက်စိဆရာဝန်ထံ အမြန်ဆုံးသွားပြပါ။ ခြွင်းချက်အနေနဲ့ မျက်စိထဲ ဓာတုပစ္စည်းဝင်ရင်၊ ထုံးဝင်ရင် ရေနဲ့ ၁၅ မိနစ်လောက် ပက်ဖျန်းလိုက်ပါ။

alignnone size-medium wp-image-55095
အမှား – သွေးထွက်နေသောဒဏ်ရာမှ ပတ်တီးစဖယ်ရှားခြင်း

ဒဏ်ရာထဲမှာ ပတ်တီးစက နစ်မြုပ်နေရင် ဆွဲမထုတ်ပါနဲ့။ အပေါ်ကနေ လတ်ဆတ်တဲ့ ပတ်တီးစကိုပဲ အုပ်ထားလိုက်ပါ။ သွေးမျက်နှာပြင်က သွေးခဲစေတဲ့အရာတွေဟာ သွေးထွက်တာကို တိတ်စေနိုင်ပါတယ်။ ဒါပေမဲ့ ပတ်တီးစအဟောင်းကို ဖယ်ရှားလိုက်တာနဲ့ သွေးခဲတဲ့ဖြစ်စဉ် ပျက်သွားပြီး ဒဏ်ရာက နောက်တစ်ကြိမ် သွေးထွက်လာပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်သဘောနဲ့ကိုယ် ပတ်တီးစကို မဖယ်ပါနဲ့။

alignnone size-medium wp-image-55097
အမှား – ကားမတော်တဆ ထိခိုက်မှုဖြစ်ပြီးနောက် ဂရုမစိုက်ခြင်း

ကားမတော်တဆ ထိခိုက်မှု ပြင်းပြင်းထန်ထန် ခံစားရရင် ကျန်းမာရေးကောင်းနေရင်တောင် ဆေးရုံမှာ သွားရောက်စစ်ဆေးမှု ခံယူပါ။ အဲဒီအချိန်မှာ အဒရီနယ်လင်တွေ ထွက်ရှိနေတဲ့အတွက် နာကျင်မှုကို ယာယီဖုံးအုပ်ထားသလို ဖြစ်တတ်လို့ပါ။ ကားမတော်တဆ ထိခိုက်မှုဖြစ်ပြီး ၁၀ မိနစ်ကနေ ၂ နာရီလောက်အထိ ဘာနာကျင်မှုမှ မခံစားရဘဲ ရှိနေနိုင်ပါတယ်။

alignnone size-medium wp-image-55098
အမှား – အကူအညီ မတောင်းခြင်း

စားသောက်ဆိုင်မှာ အစာဆို့နင့်တဲ့အခါ အိမ်သာထဲကို မပြေးပါနဲ့။ အန်ချင်တဲ့အချိန်မှာ ချက်ချင်းအန်ချလိုက်ပါ၊ တခြားလူတွေကို အကူအညီတောင်းပါ။ တခြားစားသောက်သူတွေ အနှောင့်အယှက်ဖြစ်မှာစိုးလို့ အကူအညီမတောင်းဘဲ ရေချိုးခန်းထဲအထိ မရောက်ရောက်အောင် သွားလိုက်ရင် ရေချိုးခန်းထဲမှာ အန်ဖတ်ဆို့ပြီး သေဆုံးတတ်လို့ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top