Healthy Life Ad
Health Tips

သင်္ဃန်းကျွန်းမြို့နယ်တွင် အခမဲ့ ဖျားနာလူနာကုဆေးခန်း (Fever Clinic) ကို ဧပြီလ ၁၀ ရက်နေ့ စတင်ဖွင့်လှစ်မည်

————-၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)၊——–

ဖျားနာလူနာများကိုသာ ကုသမှုပေးရန် ရည်ရွယ်၍ သင်္ဃန်းကျွန်းမြို့နယ်တွင် ဖျားနာလူနာကုဆေးခန်း(Fever Clinic) ကို ဧပြီလ ၁၀ ရက်နေ့မှ စ၍ ဧပြီ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦးက ပြောသည်။

“ဧပြီ ၁၀ ရက်နေ့ မနက် ၉ နာရီမှ ၁၂ နာရီအထိ စတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ နေ့စဉ်ဖွင့်လှစ်မှာဖြစ်ပြီး ” အခမဲ့ “ကုသပေးမှာဖြစ်ပါတယ်။ မြို့နယ်ဆရာဝန်ကြီးမှ ကြီးကြပ်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဧပြီ ၁၀ ရက်မှစပြီး ဧပြီလကုန်အထိ ဆေးခန်းထိုင်မယ့် စေတနာ့ဝန်ထမ် ဆရာဝန်တွေစာရင်းလည်း ရပါပြီ။ သူနာပြုဆရာမတွေကိုတော့ မြို့နယ်ဆရာဝန်ကြီးက တာဝန်ခွဲဝေပေးထားပါတယ်” ဟု ဒေါက်တာကျော်စွာဦးက ပြောသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ဖွင့်လှစ်မည့် ဖျားနာလူနာကုဆေးခန်း(Fever Clinic) ကို ဘဝမြင့်နှင့် စံပြဈေးမှတ်တိုင်းကြား၊ လေးထောင့်ကန်လမ်းမကြီး အနောက်လမ်းရှိ အထက ၄၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ “ဖျားနာနေတဲ့ လူနာတွေကိုပဲ အဓိက ကုပေးမှာပါ။ ဂျီပီတချို့က ပိတ်ထားတော့ ဆေးရုံကိုသွားပြဖို့ သွားရေးလာရေး အခက်အခဲရှိတဲ့အတွက် Fever Clinic ဖွင့်ပေးတဲ့ သဘောပါ။ လာတဲ့လူနာတွေကို အနည်းဆုံး ၃ ပေ-၆ ပေခွာထားဖို့ စီစဉ်ထားပါတယ် ” ဟု ဒေါက်တာကျော်စွာဦးက ပြောသည်။

ယခုကာလအတွင်း ဖျားနာနေသူတို့ ပြသရန် အခက်အခဲရှိသည့်အတွက် ဖျားနာနေသူများကို ကုသမှုပေးရန်နှင့် COVID-19 သံသယလက္ခဏာများ တွေ့ရှိပါက သင်္ဃန်းကျွန်းစံပြဆေးရုံသို့ လွှဲရန်ရည်ရွယ်၍ သင်္ဃန်းကျွန်းမြို့နယ်၊ ဖျားနာလူနာကုဆေးခန်း(Fever Clinic) ကို ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။ “ဖျားနာတဲ့ လူနာတွေအနေနဲ့ ဖုန်းဆက်ပြီး လာပြလို့ရသလို နံနက် ၉ နာရီကနေ ၁၂ နာရီအတွင်း လာပြလည်း ရပါတယ်” ဟု ဒေါက်တာကျော်စွာဦးက ပြောသည်။

ဆေးခန်းအချိန်မှာ နံနက် ၉ နာရီမှ ၁၂ နာရီအထိဖြစ်ပြီး ဖျားနာလူနာများကိုသာ ကုသပေးကြောင်းနှင့် ဖုန်းဆက်၍ လာပြလိုပါက ဒေါက်တာကျော်စွာဦး 095108841 သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

Most Popular

Healthy Life Ad
To Top