Healthy Life Ad
Health Tips

COVID-19 ကာကွယ်ရေးအတွက် တစ်ယောက်နဲ့တစ်ယောက် ၃ပေအကွာအဝေးမှာ နေရမလား၊ ၆ပေအကွာအဝေးမှာ နေရမှာလား . .

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

Q. COVID-19 ကာကွယ်ရေးအတွက် အပြင်မှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်နှပေအကွာအဝေးမှာ နေရမလဲ ဆရာ။ ၃ပေလား၊ ၆ပေလား။

A. ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ တစ်ယောက်နဲ့တစ်ယောက် ၃ ပေအကွာအဝေးမှာ နေရမယ်လို့ ညွှန်ကြားထားပါတယ်။ USကတော့ သူ့နိုင်ငံမှာ ဖြစ်နှုန်း၊ အသေအပျောက်နှုန်းများလို့ တစ်ယောက်နဲ့တစ်ယောက် ၆ ပေအကွာမှာ နေရမယ်လို့ ပြောတယ်။ ရာသီဥတုအနေအထား၊ လေတိုက်နှုန်း၊ စိုထိုင်းဆတွေပေါ် မူတည်လို့ Social Distancing က ၃ ပေ-၆ ပေဆိုပြီး ဖြစ်သွားတာပါ။ စကားပြောရင် ၃ပေအထိ ဗိုင်းရပ်စ်ရောက်နိုင်ပြီး ချောင်းဆိုး/နှာချေရင် ၆ ပေအထိ ဗိုင်းရပ်စ်ရောက်နိုင်ပါတယ်၊ လေတိုက်နေရင် ၆ ပေလောက်အထိ ရောက်နိုင်ပါတယ်။ ဒီတော့ အခြေအနေပေါ် မူတည်ပြီး ဆရာတို့အနေနဲ့ တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး ၃ ပေ ဒါမှမဟုတ် ဝေးနိုင်ရင် ၆ ပေအကွာမှာ နေဖို့ လိုပါတယ်။

Most Popular

Healthy Life Ad
To Top