Healthy Life Ad
Q & A

သွားတိုက်ဆေးမျိုချမိရင် ကျန်းမာရေးကို ထိခိုက်စေပါသလား . . .

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးကို ကြာကြာသုံးရင်ဖြစ်ဖြစ်၊ မျိုချမိရင်ဖြစ်ဖြစ် လူရဲ့ကျန်းမာရေးကို ထိခိုက်စေတယ်လို့ သိရပါတယ်။ ဘာတွေ ထိခိုက်စေပါသလဲ၊ ဘာကြောင့်ပါလဲ။
ဦးသန့်ဇင်၊ ကျောက်တံတား။

A. သွားအပေါ်ယံကပ်နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားဖို့ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးကို သုံးကြပါတယ်။ သမားရိုးကျ သွားတိုက်ဆေးနဲ့ သွားတိုက်၊ ပလုတ်ကျင်း ထွေးထုတ်တာကတော့ ရေရှည်လုပ်ပေမယ့် ကျန်းမာရေးထိခိုက်တယ်လို့ ဆရာတို့ မကြားမိပါဘူး။ ကောင်းတာက သွားတိုက်ဆေးဆိုတာ တိုက်ပြီးရင် အပြင်ထွေးထုတ်ရတာ ဖြစ်တဲ့အတွက် တိုက်ပြီးရင် မမျိုချသင့်ပါဘူး။ နည်းနည်းပါးပါး ဝင်သွားရင်လည်း ကျန်းမာရေးဆိုင်ရာ ကြီးကြီးမားမား အန္တရာယ်ရှိမယ်လို့ မထင်ပါဘူး။ သွားတိုက်ဆေးကို အစားအသောက်လိုမျိုး စားတဲ့သူလည်း မရှိတဲ့အတွက် ရံဖန်ရံခါ အခန့်မသင့်လို့ ဝင်သွားတာက ပြဿနာရှိတယ်လို့ မတွေ့ရပါဘူး။ ဖလိုရိုက်ပါတဲ့ရေကို အများကြီး နေ့စဉ်သောက်ရင်တော့ ခန္ဓာကိုယ်မှာ Fluoride Toxicity ဆိုတဲ့ ထိခိုက်မှုလေးတွေ တွေ့ရပါတယ်။

Most Popular

Healthy Life Ad
To Top