Healthy Life Ad
Health Tips

ဟင်းနုနယ်ရွက်ကို တစ်နေ့နှစ်ကြိမ် စားခြင်းကြောင့် ဦးနှောက်ကို ၁၁ နှစ်ခန့် ပိုမိုနုပျိုစေနိုင်

ကိုထက်

ဟင်းနုနယ်ရွက်နဲ့ တခြားအစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို ပုံမှန်စားလေ့ရှိသူတွေက အသက်ကြီးတဲ့အထိ ဦးနှောက်ထက်မြက်စေကြောင်း လေ့လာမှုတစ်ခုအရ သိရပါတယ်။ တစ်နေ့မှာ ဟင်းနုနယ်ရွက် တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်မျှ စားတဲ့ အမျိုးသား၊ အမျိုးသမီးတွေက ဦးနှောက်အစွမ်း ၁၁ နှစ်ကြာ နုပျိုနေတတ်ပါတယ်။ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို များများစားတာကြောင့် အယ်လ်ဇိုင်းမားရောဂါ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ အမေရိကန်လေ့လာသူတို့က ဆိုပါတယ်။

ဗြိတိန်လူဦးရေ ရှစ်သိန်းကျော်က သူငယ်ပြန်မှတ်ဉာဏ်လျော့နည်းရောဂါ အမျိုးအစားတစ်မျိုး ခံစားနေရပြီး ၂၀၅၀ ပြည့်နှစ်၌ သူငယ်ပြန်မှတ်ဉာဏ် လျော့နည်းရောဂါ ဖြစ်သူဦးရေက ကမ္ဘာပေါ်မှာ လူဦးရေ ၄၄ သန်းအထိ သုံးဆ တိုးမြင့်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ချီကာဂိုရပ်ရှ်တက္ကသိုလ်မှ လေ့လာသူတို့က အမျိုးသား၊ အမျိုးသမီး ၉၅၀ ဦးရဲ့ အစားအသောက်အကြောင်း လေ့လာခဲ့ရာ ဟင်းနုနယ်ရွက်နဲ့ ကိုက်လန်တို့လို အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို စားလေ့ရှိသူတွေရဲ့ ဦးနှောက်တွေက ပိုမိုနှေးကွေးစွာ အိုမင်းမှုရှိကြကြောင်း၊ ပျမ်းမျှအားဖြင့် ဦးနှောက်ထိခိုက်မှုသည် ၁၁ နှစ်ကြာ နှေးကွေးခြင်းနဲ့တောင် ညီမျှကြောင်း ဘော့စတွန်ဇီဝဗေဒညီလာခံမှာ ဖော်ပြထားပါတယ်။ အဲဒီလိုဖြစ်ရတာက အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်ကေ၊ ဖောလိတ်၊ လူတင်ဓာတ်နဲ့ ဘီတာကယ်ရိုတင်းဓာတ်တို့ ပါရှိတာကြောင့် ဖြစ်ရကြောင်း လေ့လာသိရှိရပါတယ်။

“အသက်ကြီးသူတွေ အကြောက်ဆုံးအချက်တစ်ခုက မှတ်ဉာဏ်ဆုံးရှုံးမှာကိုပဲ ဖြစ်ပါတယ်။ မှတ်ဉာဏ် (တွေးခေါ်နိုင်စွမ်း) ကျဆင်းတာက အယ်လ်ဇိုင်းမားရောဂါနဲ့ သူငယ်ပြန်မှတ်ဉာဏ်လျော့နည်းရောဂါကို ဖြစ်စေတဲ့အတွက် အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို များများစားတာက ဦးနှောက်ကို လွယ်ကူထိရောက်တဲ့နည်းနဲ့ ကာကွယ်မှုပေးနေတာပဲ ဖြစ်ပါတယ်”လို့ လေ့လာသူ ဒေါက်တာမာသာမောရစ်က ဆိုပါတယ်။ ဟင်းနုနယ်ရွက်ကို မကြိုက်ရင် ဗီတာမင်ကေ၊ လူတင်နဲ့ ဘီတာကယ်ရိုတင်းဓာတ်ကို မုန်လာဥနီ၊ ခရမ်းချဉ်သီးနဲ့ ငရုတ်ပွသီးတို့စားကာ ရယူနိုင်ကြောင်း သိရပါတယ်။

(Ref;DM)

Most Popular

Healthy Life Ad
To Top