Healthy Life Ad
Health Tips

သွားနှင့်ခံတွင်း သန့်စင်စေရန် ဒိန်ချဉ်သောက်ပါ

ပလုတ်ကျင်းခြင်း၊ သွားကြားထိုးကြိုးသုံးခြင်း စတာတွေထက် သွားနဲ့ခံတွင်းကို ကျန်းမာသန့်စင်စေတဲ့ နည်းလမ်းတစ်ရပ်ကတော့ ဒိန်ချဉ်သောက်တာပဲ ဖြစ်ပါတယ်။ သွားနဲ့ခံတွင်း ဆေးပညာဂျာနယ်က ထုတ်တဲ့ လေ့လာမှုတစ်ရပ်အရ တစ်ပတ်မှာ အနည်းဆုံး လေးကြိမ်ခန့် ဒိန်ချဉ်သောက်ခြင်းဟာ သွားပိုးစားနိုင်ခြေကို ၂၅ ရာခိုင်နှုန်း လျော့ကျစေကြောင်း သိရပါတယ်။ ဒိန်ချဉ်ဟာ သွားနဲ့ခံတွင်းအပေါ် ဘယ်လိုသက်ရောက်မှု ပေးတယ်ဆိုတာကို သေချာမသိရသေးပေမယ့် သွားကြွေလွှာနဲ့ကပ်ပြီး သွားပိုးစားခြင်းကို ဖြစ်စေတဲ့ ခံတွင်းထဲက အက်စစ်တွေကို လျှော့ချပေးတာကြောင့် ဖြစ်မယ်လို့ သုတေသီတွေက ယုံကြည်ကြပါတယ်။ ဒိန်ချဉ်သောက်တဲ့အခါ သကြားကို လျှော့ထည့်ဖို့ အရေးကြီးပါတယ်။

Most Popular

Healthy Life Ad
To Top