Healthy Life Ad
Q & A

အထိုင်များတဲ့ အလုပ်လုပ်ရသူတွေ ဗိုက်ပူခြင်းကင်းဝေးအောင် . .

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. အခုခေတ်မှာ အထိုင်များတဲ့ အလုပ်လုပ်ရသူတွေဟာ အလုပ်လုပ်တာကြာလာတာနဲ့အမျှ ဗိုက်ပူလာတတ်ပါတယ်။ အဲဒီလို ဗိုက်မပူအောင် ဘယ်လိုမျိုးဆင်ခြင်နေထိုင် စားသောက်သင့်ပါသလဲ။

Than Sint(FB)

A. အထိုင်များတဲ့သူတွေက ထိုင်တာကြာလာတဲ့အတွက် လှုပ်ရှားမှုကမရှိသလောက် နည်းလာပါတယ်။ အဲဒီအခါ အဆီတွေက လုံးဝမလောင်ကျွမ်းတော့ပါဘူး။ အရင်ဆုံး ဗိုက်ခေါက်ထူသွားတာကို တွေ့ရပါတယ်။ ဗိုက်အဆီ ပိုများလာတတ်ပါတယ်။ ဒါကြောင့် ဒီလိုလူတွေက ဖြစ်နိုင်ရင် တစ်ရက်ကို တစ်နာရီအပြည့် လမ်းလျှောက်သင့်ပါတယ်။ နောက်တစ်ခုပြောချင်တာက ထမင်းစားပြီးတိုင်း ကွန်ပျူတာရှေ့မှာ မထိုင်ပါနဲ့။ နံနက်စာ၊ နေ့လယ်စာနဲ့ ညစာစားပြီးချိန်တွေမှာ အနည်းဆုံး အချိန် ၁၀ မိနစ်လောက် လမ်းလျှောက်ပေးသင့်ပါတယ်။ မဟုတ်ရင် ဗိုက်အဆီတွေက တဖြည်းဖြည်း စုလာတတ်ပါတယ်။

ဒီလိုအထိုင်များတဲ့သူတွေမှာ –

(၁) အစားအသောက်က အရေးကြီးပါတယ်။ အဆီအအိမ့်တွေကို တတ်နိုင်သမျှ ရှောင်ရပါမယ်။ ရယ်ဒီမိတ်အစာတွေ၊ အကြော်အလှော်တွေကို တတ်နိုင်သမျှ မစားသင့်ပါဘူး။

(၂) လေ့ကျင့်ခန်းလုပ်ရပါမယ်။ လမ်းလျှောက်တဲ့အချိန်ကို အနည်းဆုံး တစ်နာရီပေးရပါမယ်။ အခုနောက်ဆုံး လေ့လာမှုအရ အထိုင်များသူတွေ လုပ်ဖို့ကောင်းတဲ့ လေ့ကျင့်ခန်းတစ်ခုကတော့ Planking လုပ်တာပါပဲ။ Planking တစ်ကြိမ်ကို စက္ကန့် ၃၀ ကနေ တစ်မိနစ်လောက် လုပ်ကြတယ်။ အဲဒီလို Planking လုပ်တာကို တစ်ရက်သုံးခါလောက် လုပ်မယ်ဆိုရင် ဝမ်းဗိုက်အဆီတွေ ကျသွားပါလိမ့်မယ်လို့ ပြောလို့ရပါတယ်။

Most Popular

Healthy Life Ad
To Top