Healthy Life Ad
Q & A

သံဓာတ် ဘယ်လောက်လိုအပ်သလဲ . . .

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. အရွယ်အလိုက် သံဓာတ် ဘယ်လောက်ပမာဏ လိုအပ်သလဲဆိုတာ သိချင်ပါတယ်။ သံဓာတ်အားမနည်းအောင် ဘယ်လိုလုပ်ရပါ့မလဲ။
Hnin (FB)

A. မွေးစကနေ- ခြောက်လဆိုရင် ဝဒသမ၂၇ မီလီဂရမ်လိုပါတယ်။ အရွယ်ရောက်ပြီးသား သူတွေမှာတော့ ၁၀ မီလီဂရမ်လောက် လိုပါတယ်။ ဒါက တစ်နေ့တာလိုအပ်တဲ့ သံဓာတ်ပမာဏ ဖြစ်ပါတယ်။ မနက်စာအဖြစ် ကွေကာအုတ်(Oatmeal) စားမယ်ဆိုရင် ၁၈ မီလီဂရမ်လောက် ရပါတယ်။ ဒါဟာ သံဓာတ်လိုအပ်ချက်ရဲ့ ၁၀ဝ ရာခိုင်နှုန်းအပြည့် ရတာဖြစ်ပါတယ်။ ဒါကြောင့် ဆရာမက ကိုယ်ဝန်ဆောင်တွေကို ကွေကာအုတ်တစ်ခွက် မနက်ဆို အမြဲစားပေးဖို့ တိုက်တွန်းပါတယ်။ နောက်ပြီး Oysters လို့ခေါ်တဲ့ ပင်လယ်စာတွေ စားတဲ့အခါ သံဓာတ်ကို ရှစ်မီလီဂရမ်လောက်ရပါတယ်။ ပဲဟင်းတစ်ခွက် စားမယ်ဆိုရင်လည်းပဲ သံဓာတ်ရှစ်မီလီဂရမ် ရပါတယ်။ ချောကလက်စားမယ်ဆိုရင် ခုနှစ်မီလီဂရမ် ရပါတယ်။ သံဓာတ်အားဖြည့်ဆေးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ သံဓာတ်အားဖြည့်ဆေးတွေက ဝမ်းချုပ်နိုင်တာကြောင့် သောက်မယ်ဆိုရင် ရေများများနဲ့တော့ သောက်ပေးဖို့လိုပါတယ်။

သွေးအားနည်းရောဂါတွေကို ကာကွယ်ဖို့ သံဓာတ်ကြွယ်ဝတဲ့အစာတွေ များများစားပေးရပါမယ်။ သံဓာတ်စုပ်ယူမှု အားပေးတဲ့အစာတွေ များများစားရပါမယ်။ သံဓာတ်စုပ်ယူမှု ဟန့်တားစေတဲ့ အရာတွေကိုတော့ ရှောင်ကြဉ်ရပါမယ်။ သံဓာတ်အားဖြည့်ဆေးတွေ မှန်မှန်သောက်တာလည်း ကောင်းပါတယ်။ ဘဝနေထိုင်မှု ပုံစံကိုလည်း ပြောင်းလဲပေးရပါမယ်။ တစ်နေ့ကို နာရီဝက်-တစ်နာရီလောက် ပုံမှန်လမ်းလျှောက်ပေးတာတွေ ပြုလုပ်ပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top