Healthy Life Ad
International

သင့်ကျန်းမာရေးအတွက် အလုပ်စားပွဲတွင်မကြာခဏ မတ်တပ်ရပ်ပေးပါ

၊ ကိုထက် ၊

သင်ဟာ အလုပ်စားပွဲမှာ တစ်နေ့လုံးထိုင်ပြီး အလုပ်လုပ်ရသူဆိုရင် သင့်ကျန်းမာရေးအတွက် မကြာခဏ မတ်တပ်ရပ်ပေးသင့်ပါတယ်။
အထိုင်များတဲ့အလုပ်နဲ့ လှုပ်ရှားမှုနည်းတဲ့ နေထိုင်မှုပုံစံတွေကြောင့် ရောဂါရစေနိုင်ပါတယ်။ တစ်ပတ်မှာ နာရီ ၅၀နဲ့အထက် ထိုင်တာဟာ အဝလွန်ခြင်း၊ ဆီးချိုသွေးချိုရောဂါနဲ့ နှလုံးရောဂါစတဲ့ နာတာရှည်ရောဂါတွေနဲ့ ဆက်စပ်မှုရှိနေတာကြောင့် အထူးအလေးထားသင့်ပြီဖြစ်ကြောင်း ဆေးပညာကျွမ်းကျင်သူတွေက ဆိုပါတယ်။

အထိုင်များတဲ့အခါတွေမှာ ကြွက်သားတွေရဲ့ လှုပ်ရှားမှုက လျော့ကျသွားတာကြောင့် ဇီဝရုပ်ဖြစ်ပျက်မှုရဲ့ အန္တရာယ်ရှိတဲ့ ဆိုးကျိုးကို ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ကယ်လိုရီလောင်ကျွမ်းစေတဲ့ ဇီဝရုပ်ဖြစ်ပျက်မှုက နှေးကွေးလာပြီး အင်ဆူလင်ရဲ့ စွမ်းအင်က လျော့ကျသွားကာ ဆီးချိုသွေးချိုရောဂါ အန္တရာယ်ကို တိုးမြင့်သွားစေပါတယ်။ အထိုင်များတာကြောင့် အဝလွန်လာနိုင်ပါတယ်။ အကြောင်းကတော့ အထိုင်များတဲ့အခါ အဆီတွေနဲ့ ထရိုင်ဂလစ်စရိုက်အဆီတွေကို ချေဖျက်နေတဲ့ အင်ဇိုင်းတွေက လျော့ကျသွားတာကြောင့် ကောင်းတဲ့ကိုလက်စထရော (HDL) ကလည်း လျော့နည်းသွားပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာနဲ့ တစ်နေ့တာလုံးမှာ အထိုင်များတာကြောင့်ဖြစ်တဲ့ အန္တရာယ်ကို မလျော့ပါးစေနိုင်ပါဘူး။

အထိုင်များတာကြောင့်ဖြစ်တဲ့ ရောဂါဘယတွေ ကင်းဝေးသွားစေဖို့ မကြာခဏမတ်တပ်ရပ်ပေးသင့်ပါတယ်။ ပေါ့ပါးတဲ့ အလုပ်တွေဖြစ်တဲ့ စာအုပ်စီတာ၊ စာရွက်စာတမ်းရှာတာ . . စတာတွေလိုအလုပ်တွေကို မတ်တပ်ရပ်ပြီး ဆောင်ရွက်ပေးသင့်ပါတယ်။ အိမ်မှာအိမ်မူကိစ္စတွေကို လုပ်ဆောင်တဲ့အခါမှာလည်း ဟင်းချက်တာ၊ ဟင်းသီးဟင်းရွက်သင်တာ၊ အိုးခွက်ပန်းကန်ဆေးကြောတာစတာတွေ အားလုံးကို မတ်တပ်ရပ်ပြီး လုပ်ဆောင်ပေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top