Healthy Life Ad
International

ရက်ပိုင်းသာအသက်ရှင်နိုင်တော့မည့် မိခင်တက်ရောက်နိုင်ရန် မင်္ဂလာဆောင်ရက် ရှေ့တိုးကျင်းပခဲ့

၊ ကိုထက် ၊

ရော့ပရစ်နဲ့ စဖီနီယာတို့ဟာ လာမယ့်နိုဝင်ဘာလမှာ မင်္ဂလာဆောင် အခမ်းအနားကျင်းပဖို့ စီစဉ်ထားကြပေမယ့် ၇၈ နှစ်အရွယ် ရော့ပရစ်ရဲ့မိခင် ဂျင်းရဲ့ ကျန်းမာရေး အခြေအနေက ရက်ပိုင်းသာ အသက်ဆက်ရှင်နိုင်တော့မယ်လို့ ဆရာဝန်ကပြောကြားခဲ့ပါတယ်။ သူရဲ့မိခင်တက်ရောက်နိုင်စေဖို့ မင်္ဂလာပွဲကို ဒေသဆိုင်ရာ မှတ်ပုံတင်ဌာနမှာပဲ ပြီးခဲ့တဲ့ တနင်္လာနေ့က အကျဉ်းချုံးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဂျင်းဟာ သားနှစ်ယောက်၊ သမီးတစ်ယောက်ရှိပြီး ရော့စပရစ်က အငယ်ဆုံးနဲ့ အိမ်ထောင်မကျသေးတဲ့ သားဖြစ်ပါတယ်။ ဂျင်းဟာ အရင်ကျန်းမာစဉ်အခါထဲက သားသမီးသုံးယောက်လုံးရဲ့ မင်္ဂလာပွဲကို တက်ရောက်လိုစိတ်ရှိသူဖြစ်ပါတယ်။ ဂျင်းဟာ လွန်ခဲ့တဲ့ ၁၈ နှစ်ခန့်ကတည်းက မှတ်ဉာဏ်လျော့နည်းလာပြီး သူငယ်ပြန်ရောဂါဝေဒနာ ခံစားနေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ခရစ္စမတ်ပွဲမတိုင်ခင်မှာ နေမကောင်းဖြစ်ပြီး ဆေးရုံတင်ခဲ့ရပါတယ်။ နမိုးနီးယားရောဂါနဲ့ အဆုတ်ပျက်စီးမှုတွေကြောင့် ဆရာဝန်က လက်လျှော့လိုက်ကာ အိမ်ပြန်ပြီး သက်သောင့်သက်သာနေစေဖို့ အကြံပေးခဲ့ပါတယ်။

မိခင်အခြေအနေကို သိရတာနဲ့ ရော့ပရစ်ဟာ သူရဲ့မင်္ဂလာဆောင်ကို မိခင်တက်ရောက်နိုင်အောင် ချက်ခြင်းစီစဉ်ပါတယ်။ နိုဝင်ဘာလမှာပြုလုပ်မယ့် မင်္ဂလာဆောင်အခမ်းအနားအတိုင်း တတ်နိုင်သမျှ ဖြစ်မြောက်အောင် စီစဉ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။

သားဖြစ်သူမင်္ဂလာပွဲမှာ ဝမ်းသာပျော်ရွှင်နေတဲ့ ဂျင်းရဲ့မျက်နှာကို အထင်းသားမြင်နေရပါတယ်။ “လူတွေကို ကောင်းကောင်းမမှတ်မိတော့ဘူး၊ ဘာပွဲတွေလုပ်ပြီး ဘာတွေဖြစ်နေကြလဲ သိချင်မှတော့ သိလိမ့်မယ်။ ဒါပေမဲ့ အမေပျော်နေတယ် ဆိုတာကတော့ သိသာပါတယ်”လို့ ရော့ပရစ်က ပြောပြခဲ့ပါတယ်။ မိခင်ရဲ့ သားသမီး မင်္ဂလာပွဲ တက်ရောက်ချင်တဲ့ စိတ်ဆန္ဒကိုဖြည့်ဆည်းပေးနိုင်လို့ ဝမ်းသာမိတယ်လို့ ရော့ပရစ်ကပြောခဲ့ပါသေးတယ်။ အခုဆိုရင် သူတို့ရဲ့ မင်္ဂလာဆောင် အမှတ်တရဓာတ်ပုံတွေထဲမှာ အမေဖြစ်သူ ဂျင်းရဲ့ပုံတွေပါရှိနေပြီဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top