Healthy Life Ad
Q & A

လမ်းလျှောက်တိုင်း တင်ပါးနေရာ နာခြင်း

မေး. လမ်းလျှောက်ရင် တင်ပါးနေရာက နာနာနေတာ ဘယ်လိုကြောင့်ပါလဲခင်ဗျာ။
သုသု (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. တင်ပါးနာတယ်ဆိုရင် ပထမဆုံး စဉ်းစားရမှာက ထိခိုက်ဒဏ်ရာများ ရခဲ့သလားဆိုတာကိုပါ။ ဖင်ထိုင်ရက်လဲကျခဲ့သလား၊ ချော်လဲလား၊ အရင်တုန်းက ဒဏ်ရာရဖူးပြီး အခုမှ ဒဏ်ဖြစ်ပြီး ပြန်နာတာလား၊ အခုလတ်တလောမှနာတာလား ဆိုတာတွေကို စဉ်းစားသင့်ပါတယ်။ ကြွက်သားတွေ အသုံးချမှုများပြီး အားကစားလုပ်ရင်းနဲ့ နာတာလားဆိုတာကို ပြန်စဉ်းစားသင့်ပါတယ်။ ထိခိုက်ဒဏ်ရာမရှိခဲ့ဘူးဆိုရင် တင်ပဆုံမှာရှိတဲ့ပေါင်ရိုးကြောင့် ဖြစ်နိုင်ပါတယ်။ အသက်ကြီးလေ၊ တင်ပဆုံမှာရှိတဲ့ ပေါင်ရိုးကိုက်ခဲပြီး ဒုက္ခပေးနိုင်လေပါပဲ။ သမားရိုးကျ အကိုက်အခဲပျောက်ဆေးလေးကို သောက်ကြည့်ပြီး ငါးရက်လောက်နေလို့မသက်သာရင် ဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top