ဒေါက်တာတင့်ဆွေ မှ ပြန်လည်ဖြေကြားပေးပါသည်။
၁။ လူနာအမေး ။ ဆရာရှင့်. . . သမီးအသက် ၃၇နှစ်ရှိပါပြီ။ အိမ်ထောင်ကွဲနေတာပါ။ တနာရီတခါ ရေသောက်ဆီးသွားလုပ်ရပါတယ်ရှင့်။ တနေ့ကို ရေ ၁၀လီတာ လောက်သောက်ပါတယ်။ မသောက်ရရင် မနေနိုင်လို့ပါ။ ညဘက်လည်း ၅ခါလောက် ထသောက်ရပါတယ်။ ရေသောက်ပြီးတိုင်း ဆီးလည်းသွားပါတယ်။ အဲဒီရောဂါကြောင့် ခရီးဝေးဘယ်မှမသွားရဲပါ။ ဆီးချိုသွေးချိုလည်း လုံးဝမရှိပါရှင်။ ဆီးလမ်းကြောင်း ပိုးဝင်တာလည်းမရှိပါရှင့်။ ရေဆာတာကို အောင့်ထားရင် မူးမေ့လဲပါတယ်ရှင်။ ရောဂါဖြစ်တာ ၁၀နှစ်လောက်ရှိ ပါပြီရှင်။
ဆရာဝန်အဖြေ ။ ရာဂါတခုခုနဲ့ မတူသေး။ ဆီးချိုထပ်စစ်သင့်။
လူနာအဖြေ ။ ဆီးချိုက ခဏခဏစစ်ပါတယ်။ မတွေ့ပါရှင့်။
၂။ လူနာအမေး ။ ကျွန်မက အသက် ၃၀ပါရှင်။ ဆယ်မိနစ်တခါ ဆိုသလို ဆီးသွားနေပါတယ်ရှင်။ ဆီးကပူပါတယ်။ ဆရာဝန်နဲ့ သွားပြပါတယ်။ မသက်သာပါဘူးရှင်။ ကူညီပါဦးဆရာ။
ဆရာဝန်အဖြေ ။ ဆီးချို စစ်ပါသလား။
လူနာအဖြေ ။ စစ်ပါတယ်ဆရာ။ ဆီးချိုမရှိဘူးလို့ ပြောပါတယ်။ အခုလည်း ဆယ့်ငါးမိနစ်တစ်ခါ တောက်လျှောက် သွားနေပါတယ်။ ဆီးသွားပြီးတိုင်း ဆီးခုံလျော့ကျမသွားဘဲ သွားချင်နေတာပဲဆရာ။ ကူညီပါဦးဆရာ။ ဆရာဝန်ပေးတဲ့ဆေးပါဆရာ။ အယ်လ်ထွာဆောင်းရိုက်ရမလားဆရာ။ စာဖြေခန်းစောင့်ရမှာမို့ အမြန်ဆုံးသက်သာနိုင်မယ့် ဆေးလေးညွှန်းပေးပါ ဆရာ။
ဆရာဝန်အဖြေ ။ ဆီးကို ပုံမှန်ထက် (သူများတွေထက်) အကြိမ်ခဏခဏပိုသွားချင်တာကို အလုပ်ပိုလုပ်နေတဲ့ ဆီးအိမ်လို့ခေါ်တယ်။ ကြာရင် Incontinence ဆီးမလုံတာဆက်ဖြစ်နိုင်တယ်။ ဆောရီး။ စာရေးထားပါတယ်။
အသက်ရလောသူတွေမှာ ဆီးကို ငယ်စဉ်ကလောက် ထိန်းမထားချင်တော့ဘူး။ ယောကျာ်းဆိုရင် ဆီးကျိတ်ကြီးနေသလား စစ်ရမယ်။ ကျားရောမပါ ဆီးချိုစစ်ရမယ်။ စိတ်ဖိအားများရင်လည်း ဆီးခဏခဏသွားချင်တယ်။ စိတ်ကျရောဂါရှိသူလည်း အဲလိုပဲ။ အိပ်ရေးပျက်သူတွေလည်း ဖြစ်တတ်တယ်။
ပြုပြင်ထိန်းသိမ်းနည်းတွေရှိပါတယ်။ အမူအယာဗျူဟာလို့ခေါ်တယ်။ သောက်တဲ့အရည်ကို ထိန်းရမယ်။ ကေဖင်းပါ (ကော်ဖီ၊ လက်ဖက်ရည်) မသင့်ပါ။ အရက်မသင့်။ ဘီယာဆိုးတယ်။ ဆီးထိန်းထားနည်း လေ့ကျင့်ရမယ်။ မရသေးရင် နောက်တဆင့် တက်နိုင်တယ်။
Kegel exercises ကီဂယ်လေ့ကျင့်ခန်းလုပ်ပါ။ ရေးထားပါတယ်။ ကိုယ်အလေးချိန်များနေရင် လျှော့ပါ။ ရေးထားပါတယ်။ဆီးသွားတိုင်း ၂ ခါသွားနည်းကြိုးစားပါ။ ပဌမ တခါသွားပြီး မိနစ်ပိုင်းအတွင်း ထပ်သွားလိုက်ပါဦး။ ရေအိမ်သာဝင်တာကိုအချိန်သတ်မှတ်ပြီး သွားကြည့်ပါ။ လိုအပ်ရင် မကြာမကြာ ဆီးပိုက်နဲ့ ဆီးချူပါ။ ပိုးမဝင်စေမယ့်နည်း သင်ယူထားပါ။ Absorbent pads ဆီးခံပဒ် သုံးပါ။ဆေးတွေလည်းရှိတယ်။ ဆရာဝန်က ညွှန်မှသာ သုံးသင့်တယ်။ ဆေးတွေက အာခေါင်ခြောက်စေနိုင်တယ်။ ဝမ်းချုပ်စေနိုင်တယ်။
Tolterodine (Detrol)
(Ditropan XL)
Oxybutynin as a skin patch (Oxytrol)
Oxybutynin gel (Gelnique)
Trospium (Sanctura)
Solifenacin (Vesicare)
Darifenacin (Enablex)
Mirabegron (Myrbetriq)
Fesoterodine (Toviaz)
OnabotulinumtoxinA ခေါ် Botox ဆေးကို ဆီးအိမ်ကိုထိုးပေးနည်းလည်းရှိတယ်။ ခွဲစိတ်ကုသနည်းလည်းရှိတယ်။ ဆီးအိမ်ကိုချဲ့နည်းနဲ့ ထုတ်ပစ်နည်းတွေလည်းရှိတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)