Healthy Life Ad
Q & A

သန်ချဆေးကို နို့မှုန့်နဲ့ ရောတိုက်နိုင်သလား . . .

မေး ။ ဒေါက်တာရှင် . . ကျွန်မသားအသက်၃နှစ်ရှိပြီ။ သန်ချဆေးကို …. နို့မှုန့်တွေနဲ့ ရောတိုက်လို့ရပါသလားရှင်။ ကလေးက ဆေးကို ဒီအတိုင်းမသောက်လို့ပါ။
Hlaing Thazin(FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည် ။
ဖြေ ။ အရင်ခေတ်ကတော့ သန်ချဆေးတွေကို အစာနဲ့ ဝေးဝေးမှာတိုက်ပါလို့ ပြောလို့ရှိပါတယ်။ အခုနောက်ပိုင်းပေါ်တဲ့ သန်ချဆေးတွေမှာတော့ အဲဒီလို အထွေအထူးညွှန်ကြားတာတော့ မရှိပါဘူး။ ဒါကြောင့် အစာနဲ့လည်း တိုက်နိုင်ပါတယ်။ ကောင်းတာကတော့ ဘယ်ဆေးမဆို ရိုးရိုးရေနဲ့ သောက်ရင် ပိုကောင်းပါတယ်။ ဒါပေမဲ့ ကလေးကို ဆေးတိုက်ရခက်ခဲနေရင်တော့ အဲဒီလိုရောတိုက်တာက အန္တရာယ်ရှိတယ်လို့တော့ မတွေ့ဖူးပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top