Healthy Life Ad
International

မိုဘိုင်းဖုန်း တစ်နေ့တစ်နာရီနှုန်းပြောသည့် အမျိုးသားများ သုက်ပိုးအရည်အသွေး နှစ်ဆကျဆင်းနိုင်

မိုးမင်းထွန်း

ဘောင်းဘီအိတ်ကပ်ထဲ မိုဘိုင်းဖုန်းထည့်လေ့ရှိတဲ့  အမျိုးသားတွေနဲ့ တစ်နေ့တစ်နာရီနှုန်း မိုဘိုင်းဖုန်းပြောတဲ့ အမျိုးသားတွေမှာ မျိုးပွားမှုဆိုင်ရာပြဿနာတွေ ကြုံရနိုင်ခြေရှိတယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးလိုက်ပါတယ်။ အားသွင်းရင်း ဖုန်းပြောတာနဲ့ အိပ်ရာဘေးမှာ ဖုန်းကိုထားပြီး အိပ်စက်တာတွေကလည်း သုက်ကောင်ရေလျော့နည်းစေတယ်လို့ သုတေသန အချက်အလက်တွေအရ သိရပါတယ်။

အနောက်နိုင်ငံတွေမှာ အမျိုးသားတွေရဲ့ သုက်ပိုးအရည်အသွေးဟာ ပုံမှန်ကျဆင်းနေပြီး ကလေးရဖို့ အခက်အခဲဖြစ်နေတ ဲ့စုံတွဲတွေရဲ့ ၄၀ ရာခိုင်နှုန်းဟာ အမျိုးသားတွေရဲ့ ချို့ယွင်းချက်ကြောင့်လို့ ဆိုပါတယ်။ မိုဘိုင်းဖုန်းတွေက လွှင့်ထုတ်တဲ့အပူနဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေဟာ သုက်ပိုးကို ချက်ပြုတ်လိုက်သလိုဖြစ်စေပြီး သေဆုံးစေပါတယ်။

အစ္စရေးသိပ္ပံပညာရှင်တွေဟာ သားဖွားမီးယပ် ဆေးရုံမှာ အမျိုးသား ၁၀၆ ယောက်ကို ၁ နှစ်ကြာ စောင့်ကြည့်စစ်ဆေးခဲ့ကြပါတယ်။ေ လ့လာမှုအရ တစ်နေ့တစ်နာရီကြာ ဖုန်းပြောတာနဲ့ အားသွင်းရင်း ဖုန်းပြောတာတို့ဟာ တစ်နာရီအောက်ဖုန်းပြောတဲ့ အမျိုးသားတွေထက် သုက်ပိုးအရည်အသွေးကျဆင်းမှု နှစ်ဆရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။

ပေါင်ခြံနဲ့ ၂၀ လက်မအကွာအဝေးအတွင်း မိုဘိုင်းဖုန်းထားလေ့ရှိတဲ့ အမျိုးသား ၄၇ ရာခိုင်နှုန်းဟာ သုက်ပိုးကျဆင်းမှုကို ကြုံတွေ့ရတယ်လို့လည်း လေ့လာမှုကဆိုပါတယ်။ စုစုပေါင်းအမျိုးသားဦးရေရဲ့ ၁၁ ရာခိုင်နှုန်းခန့်သာ သုက်ပိုးအရေအတွက် ကျဆင်းတာနဲ့နှိုင်းယှဉ်ရင် ဒါဟာများပြားတဲ့ ပမာဏလို့ သုတေသနက ဆိုပါတယ်။

သုတေသနပြုလုပ်ခဲ့တဲ့ တက်ချ်နီယွန် တက္ကသိုလ်မှ ပါမောက္ခမာသာဒန်းဖီးက အမျိုးသားတွေဟာ ကျန်းမာရေးကို ဂရုစိုက်ပြီး မိုဘိုင်းဖုန်း စွဲလမ်းမှုကို ရပ်တန့်အောင် ကြိုးစားသင့်တယ်လို့ ပြောပါတယ်။ ကလေးရဖို့ကြိုးစားနေတဲ့ အမျိုးသားဟာ အားသွင်းနေစဉ် ဖုန်းကိုပိတ်ထားသင့်သလို ပေါင်ခြံနဲ့ ၂၀ လက်မကျော်အကွာအဝေးအတွင်းမှာလည်း ဖုန်းကို ထားသင့်တယ်လို့ အကြံပြုထားပါတယ်။

Ref; DM

Most Popular

Healthy Life Ad
To Top