Healthy Life Ad
Q & A

ခါးနာတာ ကျောက်ကပ်နဲ့ဆိုင်ပါသလား . . .

မေး. ကျွန်မ ခါးရဲ့ဘယ်ဘက်တင်ပဆုံရိုးနားက အလိုလိုနေရင်း နာလာပါတယ်။ တစ်ခါတလေ စူးပြီး အောင့်ပါတယ်။ လွန်ခဲ့တဲ့ သုံးပတ်လောက်ကလည်း အဲဒီလိုဖြစ်ပါတယ်။ ခါးနာပျောက်ဆေးသောက်ပြီး ပလာစတာကပ်တော့ ပျောက်သွားပါတယ်။ အခုပြန်ဖြစ်ပါတယ်။ ကျောက်ကပ်နဲ့ ဆိုင်ပါသလား။ အထိုင်အထလည်း နာပါတယ်။ ထိုင်ပြီး ပြန်ထရင်လည်း တောင့်တောင့်ကြီးနဲ့ ခါးကိုင်းကိုင်းကြီး ဖြစ်ပါတယ်။ ခဏနေမှ ပုံမှန်ပြန်ဖြစ်ပါတယ်။
Htar Hlaing (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. အထိုင်အထမှာ နာတယ်ဆိုရင်တော့ ကျောက်ကပ်ကြောင့် မဟုတ်ပါဘူး။ ခါးကျီးပေါင်းအာရုံကြောညပ်တာ ဒါမှမဟုတ် ခါးအရိုးအဆစ်ချော်ပြီး အာရုံကြောထိခိုက်မိတာ ဖြစ်နိုင်ပါတယ်။ ကျောက်ကပ်မှာ ကျောက်တစ်လို့ နာတာဆိုရင် နာတဲ့နေရာက အပေါ်နည်းနည်းရောက်ရပါမယ်။ ကျောက်ကပ်ကြောင့်နာတဲ့သူတွေက အထိုင်အထ၊ အကွေးအဆန့်တွေမှာ ပိုနာတာမျိုး မတွေ့ရပါဘူး။ ခါးကျီးပေါင်းအာရုံကြောညပ်တာ ဒါမှမဟုတ် ခါးဆစ်ကျွံတာ . . ဒါတွေနဲ့ဆက်စပ်နေနိုင်ပါတယ်။ အကြံပေးရမယ်ဆိုရင် လှဲလျောင်းတာပဲဖြစ်ဖြစ်၊ ထိုင်တာပဲဖြစ်ဖြစ်၊ မတ်တပ်ရပ်တာပဲဖြစ်ဖြစ် ခါးကိုမတ်မတ်ကလေး ဆန့်ထားရပါမယ်။ အလေးအပင်တွေမတာ၊ ကုန်းတာ၊ ကွတာ စတဲ့အပြုအမူတွေကို ရှောင်ကြဉ်ရပါမယ်။ ဒီလိုနေတာတောင်မှ မသက်သာရင်တော့ အရိုးအထူးကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top