Healthy Life Ad
Health Tips

ကိုယ်အလေးချိန် လျော့ကျစေမည့် အလွယ်နည်းများ

၊ ငွေကြယ်စင်ယံ ၊

ကိုယ်အလေးချိန်များလို့ စိတ်ညစ်နေသူတို့အတွက် အလွယ်နည်းတွေကို ဖော်ပြလိုက်ပါတယ်။

(၁) ရေဓာတ်များသောအစာကို စားပါ

ဖရဲသီး၊ ခရမ်းချဉ်သီး၊ တရုတ်နံနံတို့လို ရေဓာတ်များတဲ့ အစာတွေကိုစားကာ ဗိုက်ပြည့်အောင်ကြိုးစားပါ။ ဒါဆိုရင် ကယ်လိုရီရရှိမှု လျော့နည်းကာ ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။

(၂) အဆင်သင့်အစာ စားချင်စိတ်ကို ရှောင်လွှဲနိုင်ရန် တစ်ရေးအိပ်ပါ

ပင်ပန်းနေချိန်မှာ တစ်ခုခုကို စားချင်တဲ့စိတ် ဖြစ်ပေါ်လာတတ်ပါတယ်။ တကယ် ဗိုက်ဆာတာလည်းမဟုတ်ပါဘူး။ ဒီလိုအချိန်မှာ အဆင်သင့်အစာ မစားဖြစ်ဘဲ ပင်ပန်းတာပြေစေဖို့ တစ်ရေးအိပ်လိုက်ပါ။

(၃) တိုးတက်မှုကို ဓာတ်ပုံရိုက်ကာ မှတ်တမ်းတင်ပါ

တစ်ပတ်တစ်ကြိမ် ဓာတ်ပုံရိုက်ပြီး ကိုယ့်ခန္ဓာကိုယ်အသွင်အပြင်ကို မှတ်တမ်းတင်ထားပါ။

(၄) အစာတစ်ဝက်ခန့် အရောက်မှာ ခဏနားပေးပါ

အစာစားစဉ် စက္ကန့် ၃၀ခန့်အနားပေးပါ။ အနားပေးနေစဉ်မှာ ဆာလောင်မှုအဆင့်ကို ပြန်လည်သုံးသပ်ပါ။ ဗိုက်ပြည့်သလောက် ရှိသွားပြီဆိုရင် အစာကို ဆက်မစားသင့်တော့ပါဘူး။

(၄) သင့်အဝတ်ဗီဒိုကို သင့်ပန်းတိုင်နှင့် နီးစပ်သည့် ဝတ်စုံများထည့်ထားပါ

သင့်အဝတ်ဗီဒိုထဲမှာ သင့်ကိုယ်အလေးချိန်ကျရင် ဝတ်နိုင်မယ့် ကိုယ်ကျပ်ဝတ်စုံတွေကို မြင်သာအောင် ချိတ်ထားပါ။ ကိုယ်အလေးချိန်ကျလာရင် အရင်ဘဝတုန်းက ဝတ်ခဲ့တဲ့ အဝတ်အစားတွေကို ပေးလှူလိုက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top