Healthy Life Ad
Q & A

Cauda equina syndrome ကြောင့် ခွဲစိတ်မှုလုပ်ထားပါတယ် . . .

မေး. cauda equina syndrome ဝေဒနာကြောင့် ခွဲစိတ်မှုလုပ်ထားသူတစ်ဦးပါ။ ဆရာဝန်က အကြောအားဆေးတွေ ပေးထားပါတယ်။ အမြန်ပြန်ကောင်းမွန်အောင် ဘယ်လိုနေထိုင်ရမယ်၊ ဘယ်လောက်ကြာတတ်တယ်ဆိုတာ သိချင်ပါတယ်။
Zion Win (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. Cauda equina syndrome ဆိုတာ ခါးရိုးအောက်ဆုံးအဆစ်က အာရုံကြောညပ်တာပါ။ အာရုံကြောဆိုရာမှာ လှုပ်ရှားမှု (Motor) နဲ့ဆိုင်တာရှိသလို ထိမှုသိမှု ခံစားမှု (Sensory)နဲ့ဆိုင်တာ ရှိပါတယ်။ အခုတော့ ခွဲစိတ်ပြီးပြီဆိုတော့ ခံစားမှုနဲ့ဆိုင်တဲ့ ထုံတဲ့အပိုင်းက လွတ်သွားပါပြီ။ ကျဉ်တာတော့ ကျန်နိုင်သေးတယ်။ လှုပ်ရှားမှုပိုင်းဆိုင်ရာ အာရုံကြောထိခိုက်သွားပြီဆိုရင် ဆေးသောက်ရုံနဲ့ သူ့အလိုလို ပြန်ကောင်းအောင်လုပ်လို့ မရပါဘူး။ ဒီတော့ လှုပ်ရှားမှုအာရုံကြောတွေ ပြန်ကောင်းအောင် လေ့ကျင့်ခန်းလုပ်ပြီးမှ သက်သာနိုင်ပါတယ်။ ထုံတာ၊ ကျဉ်တာကတော့ ပြန်ပျောက်ဖို့ အချိန်ပေးရပါမယ်။ လှုပ်ရှားမှုအာရုံကြောထိခိုက်တာ သိပ်မကြာသေးဘူးဆိုရင်တော့ တဖြည်းဖြည်းချင်း ပြန်ကောင်းလာပါလိမ့်မယ်။ လှုပ်ရှားမှုဆိုင်ရာ အာရုံကြောထိခိုက်မှု အနည်းအများပေါ်မူတည်ပြီး ပြန်ကောင်းတဲ့ အချိန်ကာလကလည်း ကွာခြားသွားပါတယ်။ အာရုံကြောလှုပ်ရှားမှုအတွက် လေ့ကျင့်ခန်းလုပ်ပေးမှ ပြန်ကောင်းလာမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top