Healthy Life Ad
International

၁၅ နာရီကြာ မော်တော်ဆိုင်ကယ်နဲ့ သယ်ဆောင်လာရတဲ့ ကိုယ်ချင်းဆက် အမြွှာညီအစ်မ ခွဲစိတ်မှုအောင်မြင်

၊ မိုးမင်းထွန်း ၊

ကွန်ဂိုနိုင်ငံ၊ ဝေးလံခေါင်ဖျားတဲ့ ကျေးရွာတစ်ရွာမှာ လွန်ခဲ့တဲ့သြဂုတ်လက မိခင်ကိုယ်ဝန်ဆောင် ၃၇ပတ်အရောက်မှာ ကိုယ်ချင်းဆက်အမြွှာညီအစ်မကို မွေးဖွားခဲ့ပါတယ်။ သူတို့က ချက်,ချင်း ဆက်နေခဲ့ပြီး အတွင်းအင်္ဂါတွေ ဆက်ထားခြင်းမရှိခဲ့ပါဘူး။

ကလေးတွေခွဲစိတ်ဖို့လိုအပ်တာကြောင့် မိဘတွေက ကလေးတွေကို စောင်နဲ့ပတ်ခဲ့ပြီး အနီးဆုံးဆေးရုံရှိရာသို့ တောကိုဖြတ်ကာ ဆိုင်ကယ်နဲ့ ခရီးနှင်ခဲ့ပါတယ်။ ခရီးက ၁၅ နာရီကြာမြင့်ခဲ့ပြီး အဆိုပါဆေးရုံမှာ လုံလောက်တဲ့ ပစ္စည်းကိရိယာတွေမရှိတာကြောင့် နောက်ထပ်မိုင် ၃၀ဝ ကျော်ဝေးတဲ့ မြို့တော် ကင်ရှာဆာသို့ သွားရောက်ခဲ့ရပါတယ်။ ဒီတစ်ခါမှာတော့ ပရဟိတအဖွဲ့တစ်ခုမှ လေယာဉ်တစ်စင်းဟာ သူတို့မိသားစုကို သယ်ယူပို့ဆောင်ပေးခဲ့ပါတယ်။ ဆရာဝန်တွေက ကလေးနှစ်ယောက်ရဲ့ ခန္ဓာကိုယ်တွေကို ပိုင်းခြားပေးခဲ့ပြီး အခြေအနေကို စောင့်ကြည့်ခဲ့ပါတယ်။

ကလေးတွေက ကောင်းကောင်းအိပ်၊ ကောင်းကောင်းစားနေပြီး အခြေအနေကောင်းမွန်နေကြောင်း သိရပါတယ်။ နောက်ထပ် ၃ပတ်အထိ စောင့်ကြည့်ဖို့ရှိပြီး အခြေအနေကောင်းမွန်ပါက ဆေးရုံကဆင်းနိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။ ကိုယ်ချင်းဆက်အမြွှာတွေက ကလေး ၂၀ဝ၀ဝ၀ မွေးတိုင်း တစ်ကြိမ်ခန့်သာ ဖြစ်ပွားတတ်ပြီး သူတို့ရဲ့ခန္ဓာကိုယ်ချင်း ဆက်သွယ်မှုအပေါ်မူတည်ကာ အသက်ရှင်နိုင်ခြေ တွက်ချက်ရတတ်ကြောင်း သိရပါတယ်။ ကွန်ဂိုနိုင်ငံမှာ ကိုယ်ချင်းဆက်အမြွှာကို ပိုင်းခြားခွဲစိတ်တာ ဒီတစ်ကြိမ် ပထမဆုံးဖြစ်ကြောင်းလည်း သိရှိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top