Healthy Life Ad
Life Style

ဆီးချိုသွေးချိုရောဂါနှင့် လေငန်းရောဂါအကြောင်း (၄)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

သွေးတိုးခြင်းနှင့် လေငန်းရောဂါ

ဆီးချိုလူနာတွေမှာ သွေးချိုထိရောက်အောင်ထိန်းတာနဲ့စာရင် သွေးတိုးကိုထိရောက်အောင် ထိန်းထားနိုင်တာက လေဖြတ်တာကို သိသိသာသာပိုပြီး လျော့ကျစေပါတယ်။

ဆီးချိုရောဂါရှိသူအဖို့ သွေးတိုးကို ဘယ်လောက်မှာထားရမလဲဆိုရင် အပေါ်သွေး ၁၃၀ မှ ၁၄၀ အထိနဲ့ အောက်သွေး ၉၀ အောက်ထားရှိသင့်ပါတယ်။ ဒါပေမဲ့ အသက်ကြီးသူတွေမှာတော့ ချက်ချင်းချတာ၊ အရမ်းနိမ့်အောင်ချတာက လေဖြတ်နိုင်ပြန်ပါတယ်။ တဖြည်းဖြည်းအချိန်ယူပြီး ဆေးချိန်ညှိရပါမယ်။ သွေးတိုး ၁၂၀အောက်ချနိုင်ခြင်းဖြင့် အကျိုးကျေးဇူးပိုမိုမရနိုင်ကြောင်း သုတေသနတွေမှာတွေ့ရှိရပါတယ်။ တချို့အသက်ကြီးသူတွေအတွက် သွေးပေါင်ကို ၁၄၀ လောက်ပဲ ထားသင့်တယ်လို့ လည်းပြောကြပါတယ်။ သွေးအရမ်းတက်နေကျလူနာကို သွေးပေါင်ကိုရုတ်တရက်ချလိုက်ရင် လေဖြတ်တတ်ပါတယ်။

သွေးတိုးကျဆေးတွေရွေးချယ်ရာမှာ သွေးတိုးကိုလည်း ထိရောက်အောင်ချနိုင်ရမယ့်အပြင် သွေးကြောရဲ့ အတွင်းဆုံးမျက်နှာပြင်ကျန်းမာအောင် ဒါမှမဟုတ် Endothelial function ကောင်းအောင် အားပေးတဲ့ဆေးကို သုံးရပါမယ်။ သွေးကြောတွေဟာ ရေပိုက်တစ်ခုလို သွေးတွေလိုရာအရပ်သို့ စီးဆင်းနိုင်ဖို့ သွယ်ထားတဲ့ ရေပိုက်တစ်ခုကဲ့သို့ တာဝန်တစ်ခုတည်း ရှိတာမဟုတ်ပါဘူး။ တကယ်တော့ . . .

သွေးတိုးကျဆေးတွေရွေးချယ်ရာမှာ သွေးတိုးကိုလည်း ထိရောက်အောင်ချနိုင်ရမယ့်အပြင် သွေးကြောရဲ့ အတွင်းဆုံးမျက်နှာပြင်ကျန်းမာအောင် ဒါမှမဟုတ် Endothelial function ကောင်းအောင် အားပေးတဲ့ဆေးကို သုံးရပါမယ်။ သွေးကြောတွေဟာ ရေပိုက်တစ်ခုလို သွေးတွေလိုရာအရပ်သို့ စီးဆင်းနိုင်ဖို့ သွယ်ထားတဲ့ရေပိုက်တစ်ခုကဲ့သို့ တာဝန်တစ်ခုတည်း ရှိတာမဟုတ်ပါဘူး။ တကယ်တော့ ဒီသွေးကြောတွေရဲ့နံရံ endothelium ကနေ စစ်ထုတ်ပေးတဲ့ ဓာတ်မျိုးစုံက သွေးကြောတွေ ကြုံ့စေတာ၊ ပွစေ/ကျယ်စေတာ၊ အဆီတွေ သွေးခဲစေတဲ့ သွေးဥမွှားတွေလာပြီး ကပ်တာ/မကပ်တာ၊ သွေးကြောတွေမှာ သွေးလာခဲစေတာ/မခဲစေတာ စတဲ့ လုပ်ငန်းတွေအပြင် တခြားဟော်မုန်းကဲ့သို့ ဓာတ်တွေအများကြီးစစ်ထုတ်ပေးနေတဲ့ သွေးကြောအရှင်ဖြစ်ပါတယ်။

ဒီလုပ်ငန်းတွေကိုလည်း ကောင်းမွန်စေဖို့ ပြုပြင်ပေးမယ့်ဆေးတွေကို သုံးသင့်ပါတယ်။ ဥပမာ renin-angiotensin system ကို ပြုပြင်ပေးတဲ့ ဆေးတွေဖြစ်တဲ့ ACEI နဲ့ ARB အုပ်စုဝင်ဆေးတွေဟာ ဆီးချိုရောဂါရှိသူတွေရဲ့ အကောင်းဆုံး၊ အသုံးသင့်ဆုံးဆေးတွေဖြစ်ပါတယ်။ ACEI ဆေးအုပ်စုမှာ Parindopril , Coversyl , Ramipril ,Ena­la­pril စတဲ့ဆေးတွေဖြစ်ပြီး ARB အုပ်စုမှာတော့ Lo-sarten, Candisarten, Telmisarten, Valsarten စတဲ့ဆေးတွေ ဖြစ်ပါတယ်။

ဒါတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်သုံးရပါမယ်။ သူ့မှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိ၊ မရှိ စောင့်ကြည့်၊ စစ်ဆေးပေးရပါမယ်။ ဒုတိယဆေးအုပ်စုကတော့ CCB အုပ်စုဖြစ်ပြီး အထက်ပါဆေးတွေနဲ့ ပေါင်းစပ်ပြီးသုံးရင် သွေးတိုးထိန်းရာမှာ ပိုပြီးထိရောက်ပါတယ်။ ဥပမာ Amlodipine အမ်လိုဒီပင်းအုပ်စုမှာတော့ အများနားယဉ်နေတဲ့ Amlong, Amlosun, Stamlo စတဲ့ ဆေးတွေဖြစ်ပါတယ်။ သွေးပေါင်ကို လိုရာပန်းတိုင်သို့ မရောက်ရောက်အောင် ထပ်တိုးပြီး ညှိပေးရပါမယ်။

သွေးတိုးကျဆေးကို ထိရောက်ပြီဆိုရင်လည်း ပြန်မလျှော့ရပါဘူး။ တည်ငြိမ်ပြီး အမြဲမှန်နေဖို့ အရေးကြီးပါတယ်။ ကျောက်ကပ်မကောင်းရင် ပိုပြီး သွေးတိုးတတ်ပါတယ်။ တစ်ခါတစ်ရံ ဆေးမတိုးတဲ့ သွေးတိုးရောဂါ Resistant Hypertension တွေဖြစ်နေရင် ဆေးသုံးမျိုးမက သုံးရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top