Healthy Life Ad
International

ရောဂါကြောင့် ၄နှစ်အရွယ်တွင် ဓမ္မတာလာပြီး ၅နှစ်အရွယ်၌ သွေးဆုံးလက္ခဏာများစတင်ခံစားနေရသည့် သမီးငယ်လေး

၊ မိုးမင်းထွန်း ၊

သြစတြေးလျနိုင်ငံမှ အီမီလီဒိုဗာဆိုတဲ့ သမီးငယ်လေးဟာ ကျန်းကျန်းမာမာမွေးဖွားခဲ့ပေမယ့် မွေးပြီးတစ်ပတ်အတွင်း ခန္ဓာကိုယ်အလျင်အမြန် ဖွံ့ဖြိုးလာတာကြောင့် အိပ်ပျော်ဖို့တောင် အနိုင်နိုင်ဖြစ်ခဲ့ရပါတယ်။

လေးလသမီးအရွယ်မှာ တစ်နှစ်အရွယ် ခန္ဓာကိုယ်ရှိလာခဲ့သလို အသက် ၂နှစ်အရွယ်မှာ ရင်သားထွက်တာ၊ ဝက်ခြံထွက်တာတို့ ကြုံတွေ့ခဲ့ပါတယ်။ လေးနှစ်အရွယ်ရောက်မှ ဒိုဗာမှာ Addison ရောဂါရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ Addison ရောဂါက အဓိကဟော်မုန်းနှစ်မျိုးဖြစ်တဲ့ cortisol နဲ့ aldosterone တို့ ချို့ယွင်းတဲ့ အဒရီနယ်ဂလင်းနဲ့ဆိုင်တဲ့ ရှားပါးရောဂါမျိုးဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အသက် ၃၀ ကျော်အရွယ်တွေမှာသာ အဖြစ်များပေမယ့် ရှားရှားပါးပါး ကလေးတွေမှာဖြစ်နိုင်သလို အချိန်မတိုင်ခင် အဝလွန်တာကို ဖြစ်ပွားစေနိုင်ပါတယ်။ ရောဂါကြောင့် ဒိုဗာမှာ အော်တစ်ဇင်ဆန်ဆန်ဝေဒနာ ခံစားနေရသလို စိုးရိမ်ပူပန်တဲ့ဝေဒနာပါ ခံစားနေရပါတယ်။ အသက် ၄ နှစ်အရွယ်မှာ အမျိုးသမီးဓမ္မတာစတင်လာခဲ့ပါတယ်။

ယခု အသက် ၅ နှစ်အရွယ်မှာ ကိုယ်အလေးချိန် ၉၈ ပေါင်ရှိလာခဲ့ကာ သွေးဆုံးတဲ့လက္ခဏာတွေ စတင်ခံစားနေရပါတယ်။ ဈေးကြီးတဲ့ ဟော်မုန်းအစားထိုးကုသမှုတွေ ခံယူရဖို့ရှိပြီး မိဘတွေက အလှူခံ ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ GoFundMe ကတဆင့် ဆေးကုခအလှူငွေရရှိဖို့ ကြိုးစားနေကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top