Healthy Life Ad
Q & A

ကျောက်ဖရုံသီးဟင်းချို သောက်ရင် ကျောက်ကြေနိုင်သလား . . .

မေး ။ ကျောက်ဖရုံသီး ဟင်းချိုချက်သောက်ရင် ကျောက်ကြေတယ်လို့ဆိုကြပါတယ်။ မှန်ပါသလား။
ဦးလှဝေ၊ သာကေတ။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ ကျောက်ဖရုံသီးဟင်းချိုသောက်ရင် ကျောက်ကြေတာမဟုတ်ပါဘူး။ ကျောက်ဖရုံသီးဟင်းချိုချက်သောက်ရင် Urea ကိုကျစေပါတယ်။ Urea တအားတက်နေတဲ့သူတွေဆိုရင် ကျောက်ဖရုံသီးဟင်းချိုသောက်ဖို့ အကြံပြုရလေ့ရှိပါတယ်။ အသားစားပြီး နောက်ဆုံးစွန့်ပစ်ပစ္စည်းအဖြစ် ့Urea တွေဖြစ်လာပါတယ်။ အဲဒါတွေကို စွန့်ပစ်ဖို့ ကျောက်ဖရုံသီးက ကူညီပေးပါတယ်။ ကျောက်ဖရုံသီးစားလို့ ကျောက်ကြေတာမဟုတ်ပါဘူး။ ကျောက်ဖရုံသီးစားရင် ခန္ဓာကိုယ်ထဲက Urea ဓာတ်ကို ကျစေတာ ဖြစ်ပါတယ်။ ကျောက်ဖရုံသီးတင်မက ဘူးသီး၊ သခွားသီးတွေကလည်း ခန္ဓာကိုယ်ထဲက Urea ဓာတ်ကိုကျစေတာဖြစ်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ရောဂါဝေဒနာရှင်တွေကို ကျောက်ဖရုံသီးဟင်းချို သောက်ခိုင်းလေ့ရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ်သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top