Healthy Life Ad
Q & A

ကိုယ်ဝန်နှင့် မျိုးဥအိမ်ရေအိတ် (Ovarian Cyst and Pregnancy)

၁။ ဆရာရှင့် . .ကျွန်မ အသက်က ၂၃ နှစ်ပါ။ ရာသီမလာတာ တပတ်မို ့အာလ်ထဆောင်းရိုက်တာ ကိုယ်ဝန်ရှိနေပါတယ်။ သားဦးပါ။ ဘယ်ဘက်မျိုးဥရေအိတ်ရှိတာ စိုးရိမ်ရသလား မသိဘူးဆရာ။

၂။ ဆရာရှင့် သမီးက အသက် ၃၃နှစ်ပါ။ အိမ်ထောင်ရှိပါတယ်။ အခုသားဦးကိုယ်ဝန်ဆောင်ထားရပါတယ်။ မနေ့က ultrasound သွားရိုက်တော့ ဘယ်ဘက်သားဥပြွန်မှာ အရည်အိတ်ရှိနေပါတယ်။ တော် တော်လေးကြီးတယ်လို့ ပြောပါတယ်။ ၁၁ စင်တီမီတာလောက်ရှိပါတယ်။ ကလေးကိုထိခိုက်နိုင်ပါသလား။ ခွဲထုတ်ဖို့လိုအပ်ပါသလားရှင့်။ ကျေးဇူးပြု၍ ပြန်ဖြေပေးပါရှင့်။ အခု ကိုယ်ဝန်က ၇ပတ်နဲ့ ၄ရက်ပါရှင့်။

၃။ မင်္ဂလာပါဆရာ၊ ကျွန်မအသက်၂၄ ပထမကိုယ်ဝန်မို့ပါရှင့်။ ကိုယ်ဝန်ရှိတာ ၂လ ကျော်ပါပြီ။ ခြေလက်အင်္ဂါစုံလား သိရပြီလားရှင့်။ ultrasound ရိုက်ကြည့်လို့ရင် ဖြေပေးပါလားရှင့်။

ဒေါက်တာတင့်ဆွေ ဖြေကြားသည်။

မျိုးဥအိမ်ဆိုတာ အမျိုးသမီးတိုင်းမှာ သားအိမ်ရဲ့ ဘယ်ဖက်နဲ့ညာဖက်မှ နှစ်ခုရှိတယ်။ အရွယ်ရောက် ကတည်းက သွေးမဆုံးမချင်း လစဉ် မျိုးဥတခုကျ ထုတ်ပေးနေတယ်။ မျိုးဥအိမ်မှာ ရေအိတ်ဖြစ်သူ မနည်းလှပါ။ အများအားဖြင့် အိမ်ထောင်မကျသေးသူတွေနဲ့ ကလေးမရသေးသူတွေမှာပိုဖြစ်တယ်။ ကိုယ်ဝန်နဲ့တွဲရှိတာက နည်းတယ်။ မျိုးဥအိမ်မှာ ရေအိတ်ရှိနေသူတွေ ကလေးရလမ်းနည်းတယ်။
ရေအိတ်ကလည်း အမျိုးမျိုးရှိတယ်။ Endo- metriomas အမျိုးအစားက ကိုယ်ဝန်ရလမ်းနည်းစေတယ်။ Polycystic Ovary Syndrome (PCOS) ခေါ် ရေအိတ်တွေ အများကြီးရှိနေသူတွေမှာလည်း ကိုယ်ဝန်ရဖို့ခက်တယ်။ Functional cysts အမျိုးအစားက အများဆုံးဖြစ်တယ်။ ကိုယ်ဝန်ရနိုင်တယ်။ Cystadenomas ဆိုတာ မျိုးဥအိမ်မျက်နှာပြင်ကဖြစ်လာတာ။ ဆေးကုဖို့လိုတယ်။ ကလေးရနိုင်တယ်။ Dermoid cysts ဒါးမွိုက်ဆစ်စ်ဆိုတာ အထဲမှာ အရည်သာမက အမွေး၊ အရိုးစတာတွေပါရှိတယ်။ ကလေးရနိုင်တယ်။

မျိုးဥအိမ်အိတ်ဖြစ်တာ လေ့လာမှုအမျိုးမျိုးက ရလဒ်အမျိုးမျိုးရတယ်။ တခုမှာ ၃၀ရာခိုင်နှုန်း ရှိတယ်။ ကင်ဆာဖြစ်တာကတော့ တသိန်းမှာ ၁၅ ယောက်သာရှိတယ်လို့ သိရတယ်။ သွေးဆုံးသူတွေ ၁၆ရာခိုင်နှုန်းမှာ တွေ့တယ်။ အသက်အရ ကင်ဆာကို သတိထားရမယ်။

တချို့ ဘာမှမခံစားရပါ။ နာရင် အနာသက်သာဆေးတခုခုသောက်နိုင်တယ်။ အိတ်ပေါက်ထွက်ရင် အရေးပေါ်ဖြစ်တယ်။ ခွဲရမယ်။ ရှားတယ်။

ကိုယ်ဝန်နဲ့ မျိုးဥအိမ်အိတ်တွဲရှိရင် အရွယ်အစားသေးရင်တော့ မသိသာ။ ကြီးရင်နေရာအလိုက် ဆီးအိမ်ကိုဖိနိုင်တယ်။ အစာဟောင်းအိမ်ကို ဖိနိုင်တယ်။ သားအိမ်ကိုဖိနေမယ်။ အညှာပါတာဆိုရင် အညှာလိမ်တာဖြစ်မလား စောင့်ကြည့်ရတယ်။ ဖြစ်ရင် အတင်းနာမယ်။ ခွဲရလိမ့်မယ်။ ခွဲမွေးမလား၊ ရိုရိုး မွေးမလားချိန်ဆရတယ်။ ခွဲရင် တပြိုင်နက်တည်း အိတ်ကိုပါ ထုတ်နိုင်တာလည်းရှိမယ်။ တချို့ ကံကောင်းကြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top