Healthy Life Ad
Q & A

ကိုယ်ဝန်နှင့် ကာကွယ်ဆေးများ (Vaccines and Pregnancy)

၊ ဒေါက်တာတင့်ဆွေ ၊

မေး ။ ဆရာ ကျွန်မ B ပိုးကာကွယ်ဆေး 2nd dose ထိုးအပြီးမှာ ကိုယ်ဝန်ရှိပါတယ်။ 3rd dose ကို ဇူလိုင် မှာထိုးရပါမယ်။ ကလေးကို ထိခိုက်နိုင်ပါသလားရှင့်။
ဖြေ ။ တချို့ကာကွယ်ဆေးတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ မထိုးသင့်ပါ။ အထူးသဖြင့် Live-virus vaccines သက်ရှိ ဗိုင်းရပ်စ်နဲ့ ဖော်စပ်ထားတာမျိုးကို မထိုးရပါ။ တချို့ကာကွယ်ဆေးတွေကို ကိုယ်ဝန်ရင့်ချိန် (ဒုတိယ ၃ လနောက်ပိုင်း)မှာ ထိုးနိုင်တယ်။ တချို့ကို ကလေးမွေးပြီးအထိ ရှောင်ရတယ်။

(က) စိတ်ချလက်ချထိုးနိုင်တဲ့ ကာကွယ်ဆေးတွေ

၁. Hepatitis B အသဲရောင် ဘီ ပိုးကာကွယ်ဆေး။

၂. Influenza တုပ်ကွေးကာကွယ်ဆေး။

၃. Tetanus/Diphtheria မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေး။

(ခ) ကိုယ်ဝန်ဆောင်နေစဉ် မထိုးသင့်တဲ့ ကာကွယ်ဆေးတွေ

၁. DTaP(DTP) vaccine ဆုံဆို့ + ကြက်ညှာ + မေးခိုင်ကာကွယ်ဆေး။

၂. Hepatitis A အသဲရောင် အေကာကွယ်ဆေး။

၃. Measles, Mumps, Rubella (MMR) ဝက်သက် + ပသိရောင် + ဂျာမန်ဝက်သက် ကာကွယ်ဆေး။

၄. Varicella ရေကျောက်ကာကွယ်ဆေး။

၅. Pneumococcal နူမိုကော်ကယ် ကာကွယ်ဆေး။

၆. Oral Polio Vaccine (OPV) and Inacti­vated Polio Vaccine (IPV) ပိုလီယိုကာကွယ်ဆေးတွေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top