Healthy Life Ad
International

ရှားပါးရောဂါကြောင့် စားစရာမရှိရင် အိမ်သာသုံးစက္ကူ ဝါးစားသည့် ကလေးငယ်

၊ မိုးမင်းထွန်း ၊

တောင်အာဖရိကနိုင်ငံမှ အသက် ၁၀ နှစ်အရွယ် ကိတ်ဒန်ဘင်ဂျမင်ဟာ Prader-Willi Syndrome အမည်ရ မစားရမနေနိုင်တဲ့ ရှားပါးမျိုးဗီဇရောဂါတစ်ခုကြောင့် လက်ထဲမှာ အစာမရှိရင် အိမ်သာသုံးစက္ကူနဲ့ တွေ့သမျှအမှိုက်တွေကို စားနေတယ်လို့ သိရပါတယ်။ အလွန်အကျွံစားတာကြောင့် ကိုယ်အလေးချိန် ၁၉၆ပေါင်ကျော်ရှိနေပါတယ်။ အိမ်ထဲမှာ ရှိသမျှစက္ကူတွေကိုစားနေပြီး စားစရာစက္ကူမတွေ့ရင် ကြမ်းပြင်မှ အမှိုက်ကောက်စားတတ်ကြောင်း မိခင်ဖြစ်သူက ပြောပြပါတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်က လေပြွန်ဖောက် ခွဲစိတ်ထားရကာ လေပြွန်ထဲထည့်ထားတဲ့ ပိုက်မှတဆင့် အသက်ရှူနေရပါတယ်။ မနက်ကတည်းက တစ်နာရီခြားတစ်ခါ အစာစားဖို့ပေးနေရပြီး ကျန်အချိန်တွေမှာ အစာစားမှာစိုးတာကြောင့် အစားအသောက်တွေနဲ့ ရေခဲသေတ္တာကို သော့ခတ်သိမ်းဆည်းထားရကြောင်း မိခင်ဖြစ်သူက ပြောပြပါတယ်။အဝလွန်နေတာကြောင့် လှုပ်ရှားရ၊ အသက်ရှူရတာ ခက်ခဲနေပြီး ကလေးဟာ မကြာခဏစိတ်ဓာတ်ကျ ဝေဒနာခံစားနေရတယ်လို့ သိရပါတယ်။

ကမ္ဘာတစ်လွှား လူထောင်ပေါင်းများစွာဟာ Prader-Willi ရောဂါခံစားနေရပြီး ဝေဒနာရှင်တွေမှာ ကြီးထွားနှုန်းမညီမျှတာ၊ ကြွက်သားအားနည်းတာ စတဲ့ရောဂါလက္ခဏာတွေ ခံစားတတ်ရကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top