Healthy Life Ad
Child

ဆရာဝန်ပြရန်လိုအပ်သည့် သင့်ကလေးငယ်၏ အသေးအမွှားလက္ခဏာများ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ကလေးတစ်ယောက်ရဲ့ နာမကျန်းမှုက မိဘတွေအတွက် ခက်ခဲတဲ့အတွေ့အကြုံတစ်ခုပါ။ ကလေးဆီမှာတွေ့ရတတ်တဲ့ အသေးအမွှားလက္ခဏာတွေကို အချိန်မီ သတိပြုမိရင် ဆရာဝန်ဆီ အမြန်ပြသကာ စောစောကုသနိုင်ပါတယ်။

(၁) မှဲ့ကြီးထွားခြင်း
ကလေးကိုယ်ပေါ်မှာရှိတဲ့ မှဲ့က ဘယ်ခြမ်းနဲ့ ညာခြမ်း ဘက်မညီရင်၊ အရောင်ပုံမှန်မရှိရင်၊ ၆ မီလီမီတာထက်ပိုကြီးနေရင်၊ ရှိတဲ့ မှဲ့က တဖြည်းဖြည်းပိုကြီးလာရင် ဒါက ဆရာဝန်နဲ့ ပြသသင့်တဲ့ လက္ခဏာပဲဖြစ်ပါတယ်။

(၂) ဆံပင်ကျွတ်ခြင်း
ကလေးရဲ့ ဆံပင်တွေက ပုံမှန်မဟုတ်ဘဲ အစုလိုက်အပြုံလိုက် ကျွတ်နေရင်၊ ထိပ်ကွက်နေရင် ပြဿနာရဲ့ အရင်းအမြစ်က ကလေးခန္ဓာကိုယ်ထဲမှာဖြစ်နိုင်ပါတယ်။ အများအားဖြင့် ဗီတာမင်ဓာတ်တွေချို့တဲ့တာကြောင့် ဖြစ်တတ်ပါတယ်။

(၃) အပြုအမူ ပြောင်းလဲလာခြင်း
အစာစားချင်စိတ် ရုတ်တရက် လျော့ကျသွားတာ၊ မအိပ်တာ၊ လှုပ်ရှားမှုက တိုးတက်မလာဘဲ လျော့ကျသွားတာ စတဲ့အပြုအမူတွေက ဆရာဝန်နဲ့ ပြသသင့်တဲ့အမူအကျင့်တွေ ဖြစ်ပါတယ်။

(၄) ဦးခေါင်းအရွယ်အစား ကြီးလာခြင်း
ကလေးတွေအတွက် ဦးခေါင်းအရွယ်အစားက တဖြည်းဖြည်းနဲ့ကြီးထွားလာနေရင် ဒါကလည်း ရောဂါတချို့ရဲ့ လက္ခဏာဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြပါ။

(၅) အကြားအာရုံ အားနည်းခြင်း
ကလေးကို သူ့နာမည်ခေါ်တဲ့အခါမှာတောင် တုန့်ပြန်မှုမရှိရင် အကြားအာရုံထိခိုက်တဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ ပြပါ။

(၆) တစ်ချိန်လုံး ရေဆာခြင်း
ကလေးက တစ်ချိန်လုံး ရေကိုပဲ တောင်းနေရင် ဒါကလည်း ဆရာဝန်ပြသင့်တဲ့လက္ခဏာပါ။

(၇) ကျယ်လောင်စွာ ဟောက်ခြင်း
ကလေးတစ်ယောက်ဟာ အကျယ်ကြီး ဟောက်နေရင် အသက်ရှူခြင်းဆိုင်ရာ ပြဿနာတချို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါက ပိုးဝင်တဲ့ လက္ခဏာလည်း ဖြစ်နိုင်တာကြောင့် လျစ်လျူရှု မထားသင့်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top