မေး. ကိုယ်ဝန် ၇လရပါပြီရှင်။ အခု ကျွန်မစိုးရိမ်နေမိလို့ပါ။ ကျွန်မမိန်းမကိုယ်တစ်ဖက်ခြမ်းက အောက်နားလေးမှာ အသားကအဖတ်ကြီးဖြစ်နေပြီး အသားဖုလေးတွေတွေ့လို့ အရမ်းပဲစိုးရိမ်မိပါတယ် အဲ့ဒါက ဘာဖြစ်တာလဲဖြေပေးပါနော်။
Pann EiSan (FB)
ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။
ဖြေ. မိန်းမကိုယ်နားမှာ အသီးတွေဖြစ်တာက များသလား၊ ကြီးသလား၊ အရေအတွက်၊ အရောင်အသွေး စတာတွေပေါ်မူတည်ပြီး အရေးကြီး၊ မကြီး စစ်ဆေးသိရှိနိုင်ပါတယ်။ မဆိတ်ကြည့်ပါနဲ့ ပိုးဝင်ရောင်ရမ်းပြီး ပိုဆိုးလာနိုင်ပါတယ်။ ကိုယ်ဝန်ပြရင်းနဲ့ ဆေးရုံမှာပြသကြည့်ပါ။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)