Healthy Life Ad
Life Style

ကိုရီးယားမင်းသမီးကင်မ်တေးဟီး၏အလှအပလျှို့ဝှက်ချက် ငါးရပ်

၊ လရိပ်မေ ၊

ကိုရီးယားမင်းသား၊ အဆိုတော် ရိန်းရဲ့ ချစ်ဇနီး ကင်မ်တေးဟီးဟာ အသက် ၃၇ နှစ်ရှိပြီဖြစ်ပေမယ့် ဆက်ကျော်သက်လေးလို နုပျိုလှပသွက်လက်နေဆဲပါ။ သူ့ကို စံပြအမျိုးသမီးတစ်ယောက်လို ချစ်ကြတဲ့ ပရိသတ်တွေကလည်း မနည်းမနောပါပဲ။ အသားအရေ၊ ကိုယ်ခန္ဓာ လှပကျန်းမာဖို့အတွက် ကင်မ်တေးဟီးက သူ့လျှို့ဝှက်ချက်ကို အခုလို ပြောပြထားပါတယ်။

အသားအရေ
ကျွန်မရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကိုက ကင်မရာတွေနဲ့ အဆက်မပြတ်ထိတွေ့ရတာဖြစ်လို့ အသားအရေကို အနီးကပ်စစ်ဆေးရပါတယ်။ အသားအရေမကောင်းဘူးလို့ ခံစားရတဲ့အခါ ရုပ်ရှင်မရိုက်ခင် အရေပြားအထူးကုနဲ့သွားပြပြီး ကုသမှုခံယူပါတယ်။အသားအရေခြောက်နေတယ်လို့ ခံစားရရင် အိပ်ရာမဝင်ခင် မျက်နှာပေါင်းတင်တယ်၊ အစိုဓာတ်ထိန်းခရင်မ် များများ လိမ်းပါတယ်။
မျက်နှာအပြစ်အနာအဆာလေးတွေထင်တဲ့ အခါ လိုးရှင်းကိုပဲ ပေါ့ပေါ့ပါးပါးလိမ်းပါတယ်။

အနှိပ်ခံခြင်း
လွန်ခဲ့တဲ့ ၆ နှစ်-၇ နှစ်ကစပြီး တစ်ကိုယ်လုံး အနှိပ်ခံခဲ့တယ်။ တစ်ခါမှအနှိပ်မခံဖူးတော့ နာကျင်သလိုပဲ။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ပခုံးကြွက်သားတွေ ကြွက်တက်တာ သက်သာပြီး စိတ်ရော ကိုယ်ပါလန်းဆန်းသွားပါတယ်။

ကိုယ်အလေးချိန်
ကျွန်မရဲ့ ကိုယ်အလေးချိန်က သိသိသာသာ မပြောင်းလဲပါဘူး။ ပြဿနာက နှစ်ပေါင်-သုံးပေါင် လောက်အပြောင်းအလဲရှိရင်ကို မျက်နှာက သိပ်သိသာနေတာပါပဲ။ ဒါကြောင့် မျက်နှာဖောင်းမနေအောင် ကိုယ်အလေးချိန်ထိန်းရပါတယ်။

လေ့ကျင့်ခန်း
အလုပ်တွေများတဲ့အခါ အားကစားခန်းမသွားပြီး လေ့ကျင့်ခန်းမလုပ်နိုင်ပါဘူး။ အဲဒီအခါ ဟန်မြစ်တစ်ဝိုက် လမ်းလျှောက်လိုက်တယ်။ ရှုခင်းလှလှလေးကြည့်ပြီး လမ်းလျှောက်ရတာက အကောင်းဆုံး လေ့ကျင့်ခန်းပါပဲ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top