Healthy Life Ad
Q & A

ခန္ဓာကိုယ်မှာ အမွှေးတွေများနေတယ် . . .

မေး။ ။ ခန္ဓာကိုယ်မှာ အမွှေးတွေများနေလို့ပါ။ အမွှေးများတဲ့ အခြေအနေကို ဘယ်လိုကုသသင့်ပါသလဲ ခင်ဗျာ။
ကိုထွန်းနောင်၊ သင်္ဃန်းကျွန်း။

ပါမောက္ခဒေါ်မြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

ဖြေ။ ။ ခန္ဓာကိုယ်မှာ အမွှေးများတဲ့ အခြေအနေကို အခြေခံအားဖြင့် အမွှေးဖယ်ရှားတဲ့ ကုထုံးပေးရမှာ ဖြစ် ပါတယ်။ အမွှေးတွေ လုံးဝကင်းစင်သွားဖို့ နည်း လမ်းအတော်များများကို လုပ်ဆောင်သင့်ပေမယ့် အမွှေးတွေပြန်ပေါက်လာတိုင်း ပြန်လည်ဖယ်ရှားပေး နေရမှာဖြစ်ပါတယ်။ မကြာခဏ အမွှေးရိတ်တာ၊ ဓာတုဗေဒနည်းနဲ့ အမွှေးဖယ်ရှားတာ၊ လျှပ်စစ်သုံးပြီး ဖယ်ရှားတာ၊ ဖယောင်းနဲ့ အမွှေးချွတ်တာ စတဲ့ နည်း လမ်းတွေရှိပေမယ့် တချို့နည်းတွေကြောင့် အရေပြား မှာအမာရွတ်ထင်တာ၊ အရေပြား ရောင်ရမ်းတာနဲ့ ဓာတ် မတည့်တဲ့ တုံ့ပြန်မှုဖြစ်တာတွေလည်း ဖြစ်တတ်ပါတယ်။ အခုနောက်ပိုင်း လေဆာနဲ့ အမွှေးချွတ်တဲ့ နည်းကလည်း ခေတ်စားလာပါတယ်။ ဒါက ဘေးထွက်ဆိုးကျိုး ပိုနည်းပြီး ရေရှည်သိသာတဲ့ ကောင်း ကျိုးရရှိစေတယ်လို့ ဆိုကြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top