Healthy Life Ad
International

ကမ်းခြေဘောလုံးအရွယ်အစားရှိ ဗိုက်ကြီးနဲ့ ၃နှစ်အရွယ် ကင်ဆာဝေဒနာရှင်ကလေးငယ်

၊ မိုးမင်းထွန်း ၊

အိန္ဒိယနိုင်ငံမှ အသက်၃နှစ်အရွယ် ဆိုဟာနာဟာ ကလေးတွေမှာအဖြစ်များတဲ့ ကျောက်ကပ်ကင်ဆာတစ်မျိုး (Wilms Tumor)ရောဂါ ခံစားနေရပါတယ်။ ကျောက်ကပ်ကင်ဆာဖြစ်ပွားတဲ့ ကလေး ၁၀ မှာ ၉ ယောက်က Wilms Tumor အမျိုးအစား ဖြစ်ပွားလေ့ရှိကြောင်းသိရပါတယ်။ ရောဂါက ကျောက်ကပ်တွေကို ဦးတည်ဖွံ့ဖြိုးလေ့ရှိပါတယ်။ ရောဂါကြောင့် ဆိုဟာနာရဲ့ဝမ်းဗိုက်ဟာ အဆမတန်ကြီးထွားနေပြီး အင်္ကျီအဝတ်အစားတွေတောင် လုံအောင်မဖုံးနိုင်တော့ပါဘူး။

Wilms tumours ကင်ဆာဖြစ်ရတဲ့အကြောင်းရင်းကို တိကျစွာသိရှိရခြင်းမရှိသေးပါဘူး။ ဝေဒနာရှင်တွေမှာ မွေးကတည်းက မျက်နက်ဝန်း (iris) ပါမလာတာ၊ လိင်အင်္ဂါပုံမမှန်ဖြစ်တာ၊ ခန္ဓာကိုယ်တစ်ဖက်နဲ့တစ်ဖက် အရွယ်အစားမညီတာ စတဲ့လက္ခဏာတွေရှိတတ်ကြပါတယ်။ လူနာမျိုးရိုးတွေရဲ့ ၁ရာခိုင်နှုန်းခန့်သာ ရောဂါဖြစ်ပွားတတ်ကြပေမယ့် မျိုးရိုးလိုက်နိုင်ခြေအနည်းငယ်ရှိတယ်လို့ တချို့က ယူဆထားကြပါတယ်။

ကလေးငယ်တွေမှာ ရောဂါရှိ၊ မရှိ အသားစယူစစ်ဆေးနည်းနဲ့ စစ်ဆေးနိုင်ပါတယ်။ ၆လအထက် ဝေဒနာရှင်ကလေးငယ်တွေကို ကင်ဆာဆေးသွင်းကုထုံးပေးနိုင်ပြီး ထိခိုက်တဲ့ကျောက်ကပ်တစ်ခုလုံးကို ဖယ်ရှားတဲ့ခွဲစိတ်မှုလည်း ပြုလုပ်ရလေ့ရှိပါတယ်။ ဗြိတိန်နိုင်ငံမှာတော့ နှစ်စဉ်ရောဂါဖြစ်ပွားသူ ကလေးငယ် ၈၀ ဦးခန့်ရှိကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top