Healthy Life Ad
International

မိသားစုဘဝစတင်ဖို့ နှစ်ဦးပေါင်း ကိုယ်အလေးချိန် ပေါင် ၄၄၀ နီးပါးချနိုင်ခဲ့တဲ့ တရုတ်စုံတွဲ

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံမှကျန့်ယန်နဲ့လင်ယွီးတို့ဟာ ၂၀၁၀ ခုနှစ်က အားကစားခန်းမတစ်ခုမှာ တွေ့ဆုံခဲ့ပြီး မေတ္တာမျှခဲ့ကြပါတယ်။ ချစ်သူတွေဖြစ်သွားကြပြီးကတည်းက သူတို့နှစ်ဦးက အားကစားလုပ်တာ၊ အစားအသောက်ချင့်ချိန်စားတာတွေကို ရပ်တန့်ခဲ့ပြီး အဆီအသားများတဲ့ အစာအများအပြားကို ပျော်ပျော် ရွှင်ရွှင်စားသောက်ခဲ့ကြပါတယ်။


သူတို့နှစ်ဦးဟာ နှစ်ဦးပေါင်း ကိုယ်အလေးချိန်ပေါင် ၈၈၀ ကျော် တက်လာခဲ့ကြပါတယ်။ ကျန့်ရဲ့ခါးအတိုင်းအတာက ၁၆၀စင်တီမီတာရှိပြီး လင်ရဲ့ခါးက ၁၇၀ စင်တီမီတာ အသီးသီး ရှိလာခဲ့ကြပါတယ်။

လင်ရဲ့ခန္ဓာကိုယ်အတိုင်းအတာနဲ့ မင်္ဂလာဝတ်စုံရဖို့ အထူးအော်ဒါမှာချုပ် ခိုင်းခဲ့ရပါတယ်။ သူတို့ဇနီးမောင်နှံဟာ နောက်ဆုံးမှာ ကိုယ်အလေးချိန်လျှော့ချဖို့ ဆရာဝန်နဲ့တိုင်ပင်ခဲ့ရပါတယ်။ လင်ရဲ့ခန္ဓာကိုယ်အရွယ်အစား ဝလွန်းတာကြောင့် ကလေးယူရင် အန္တရာယ်ရှိနိုင်ကြောင်းသိရှိ ခဲ့ပါတယ်။ ကိုယ်အလေးချိန်လျှော့ချဖို့ အသက် ၃၀ ကျော်စ ကျန့်နဲ့လင်တို့ဟာ တရုတ်ရိုးရာအပ်စိုက်နဲ့ မီးအပူ ပေးကုထုံးတွေခံယူခဲ့ရုံသာမက အားကစားလေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ကြပါတယ်။

နှစ်နှစ်ကြာပြီးနောက် ယခုအခါ နှစ်ဦးပေါင်းကိုယ်အလေးချိန် ပေါင် ၄၄၀ သာရှိတော့ကြောင်းသိရပါတယ်။ ဆရာဝန်က လင်ရဲ့ကိုယ်အ လေးချိန်ဟာ ကလေးယူဖို့ အန္တရာယ် လျော့ကျသွားပြီလို့ ပြောကြားခဲ့ပေမယ့် သူတို့ဇနီးမောင်နှံက နောက်ထပ်ကိုယ်အလေး ချိန်လျော့ကျဖို့ ကြိုးစားသွားဦးမယ်လို့ ပြောဆိုထားပါတယ်။

(Ref:SCMP)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top