Healthy Life Ad
International

၉၉နှစ်အရွယ်တွင် ကင်ဆာကို အနိုင်ယူနိုင်ခဲ့သည့် ကမ္ဘာ့အသက်အကြီးဆုံး ဘိုးဘိုး

၊ မိုးမင်းထွန်း ၊

အသက် ၉၉ နှစ်အရွယ် ဒုတိယကမ္ဘာစစ် စစ်ပြန်အဘိုးအိုဟာ ကမ္ဘာ့အသက်အကြီးဆုံး ကင်ဆာ အနိုင်ယူနိုင်သူဖြစ်လာခဲ့ပါတယ်။

ဗစ်တာမာစတန်ဟာ မေ ၈ ရက်နေ့က ဗိုက်အောင့်တာကြောင့် ဆေးရုံကိုပြေးခဲ့ရပြီး သူရဲ့အူမှာ ကင်ဆာအကျိတ်တွေ့ရှိခဲ့ပါတယ်။ အသက်ကယ်ခွဲစိတ်မှုအပြီး ၁၂ ရက်အကြာမှာ ရောဂါကင်းရှင်းကြောင်း အတည်ပြုနိုင်ခဲ့ပြီး ဒီသီတင်းပတ်အကုန်မှာ ဆေးရုံကဆင်းနိုင်တော့မှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရှစ်နှစ်အတွင်း သူဟာ အူမကြီးကင်ဆာ နှစ်ကြိမ်ဖြစ်ဖူးတယ်လို့လည်း သိရပါတယ်။ ဒုတိယကမ္ဘာစစ်ပွဲမှာ ထောက်လှမ်းရေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့မာစတန်ဟာ စစ်တပ်မှာ ၁၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့သိရပါတယ်။ အသက် ၆၀ မှာ အငြိမ်းစားယူခဲ့ပြီး သူ့ဇနီးဟာ လွန်ခဲ့တဲ့ရှစ်နှစ်က အယ်ဇိုင်းမားရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

သူရဲ့သားမက် ရေးဝီလ်ရှော်က မာစတန်ဟာ အကောင်းမြင်စိတ်ထားသူဖြစ်ပြီး အမြဲတက်တက်ကြွကြွ နေတတ်တယ်လို့ဆိုပါတယ်။ နောက်ထပ်ခြောက်လအကြာမှာ အသက် ၁၀ဝပြည့်တော့မယ့် မာစတန်က ကမ္ဘာ့အသက်အကြီးဆုံးကင်ဆာ အောင်နိုင်သူဖြစ်ရတာ ဂုဏ်ယူနေပြီး သူဟာ အလွယ်တကူ အရှုံးပေးတတ်သူ မဟုတ်ကြောင်းပြောပါတယ်။ သူ့မှာ နောက်ထပ်လုပ်စရာအလုပ်တွေ အများကြီးရှိ သေးကြောင်းလည်း ပြောပြခဲ့ပါတယ်။

Most Popular

Healthy Life Ad
To Top