Healthy Life Ad
Health Tips

နှစ်စဉ်ကျန်းမာရေး စစ်ဆေးသင့်သည့် အကြောင်းပြချက်ရှစ်ရပ်

နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှု ခံယူတာက ရောဂါဝေဒနာတွေကို အစောပိုင်းအဆင့်မှာတွေ့ရှိပြီး ကြိုတင်ကုသမှုခံယူကာ ပျောက်ကင်းနိုင်ခြေများတာကြောင့် သက်ရှည်ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်စေပါတယ်။

(၁) ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ခံယူတာကြောင့် သင့်အနေနဲ့နာမကျန်းမှု ဖြစ်လာနိုင်သလားဆိုတဲ့ အခြေခံကျန်းမာရေးအချက်အလက် တွေကို သင့်မိသားစုဆရာဝန်က ကြည့်ရှုလေ့လာနိုင်ပါတယ်။

(၂) သွေး၊ ဆီး၊ ဝမ်းစစ်ဆေးမှုလို ရောဂါရှာဖွေမှုနဲ့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေကို လုပ်ဆောင်တာကြောင့် ရောဂါလက္ခဏာမပြသခင် ရောဂါကိုတွေ့ရှိနိုင်ပါတယ်။ ရောဂါကို စောစောတွေ့ရှိတာကြောင့် ပိုမိုကောင်းမွန်တဲ့ ကုသမှုရလဒ်ကို ရရှိစေပါတယ်။

(၃) သင့်ဆေးစစ်ချက်အဖြေအရ မိသားစုကျန်းမာရေးရာဇဝင်ကို မေးမြန်းပြီး သင့်အတွက် သင့်တော်တဲ့ ဘဝနေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲဖို့ ဆရာဝန်ကအကြံပြုပါလိမ့်မယ်။ ဒီနည်းလမ်းဟာ ရောဂါကာကွယ်ရေးအတွက် အရေးပါတဲ့အချက်ဖြစ်ပါတယ်။

(၄) ဆရာဝန်ထံ တစ်နှစ်တစ်ကြိမ် ကျန်းမာရေးစစ်ဆေးဖို့သွားတာက လူနာနဲ့ဆရာဝန်အကြား ပိုအဆင်ပြေတဲ့ ဆက်ဆံရေးကိုရရှိစေပြီး ကျန်းမာရေးအတွက် နောက်ဆုံးပေါ် နေထိုင်စားသောက်နည်း ဗဟုသုတတွေကို သိရှိစေပါတယ်။

(၅) နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှု ခံယူတာက ကိုယ်ခန္ဓာကျန်းမာရေးအတွက်သာမက စိတ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးမှုများတာ၊ ပူပင်သောကများတာစတဲ့ ဝေဒနာတွေဖြစ်ရင် နှစ်သိမ့်ဆွေးနွေး အကြံဉာဏ်ရယူနိုင်ပါတယ်။

(၆) ကိုယ်အလေးချိန်ထိန်းဖို့၊ ဆေးလိပ်ဖြတ်ဖို့ အခက်အခဲရှိနေရင် ဆရာဝန်နဲ့တွေ့ဆုံပြီး အကြံတောင်းကာ ဆေးပညာအကူအညီ ရယူသင့်ပါတယ်။

(၇) တစ်နှစ်တစ်ကြိမ် ကျန်းမာရေးစစ်ဆေးမှု ခံယူတာကြောင့် ကာကွယ်ဆေးတွေကို ခေတ်နဲ့အမီ ထိုးနှံကာကွယ်ထားနိုင်ပါတယ်။

(၈) ကျန်းမာရေးစစ်ဆေးမှု ခံယူထားတဲ့အတွက် ကျန်းမာရေးနဲ့ပတ်သက်ပြီး ပူပင်သောကမရှိဘဲ စိတ်အေးချမ်းမှု ရှိရှိနေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top