မေး. ဆရာရှင့် . . အလေးသွားရင် သွေးအရမ်းဆင်းပါတယ်။ ကြောက်လို့ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ ပြောပြပေးပါ။
December (FB)
ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။
ဖြေ. အလေးသွားရင်း သွေးပါတာဟာ လိပ်ခေါင်း၊ စအိုဝအနာဖြစ်ခြင်း၊ စအိုကွဲနာဖြစ်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ သွေးက အနီရောင်မဟုတ်ဘဲ ညိုနေ၊ မည်းနေရင် အစာလမ်းကြောင်း အပေါ်ပိုင်းမှာ သွေးယိုတာဖြစ်နိုင်ပါတယ်။ ဘာရောဂါပဲဖြစ်ဖြစ် ဝမ်းသွားတဲ့အခါသွေးပါရင် မပေါ့ဆဘဲ ကုသဖို့လိုပါတယ်။ ဆေးရုံ၊ ဆေးခန်းပြသဖို့ တိုက်တွန်းလိုပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)