Healthy Life Ad
Q & A

ပန်းနာရင်ကျပ်ဖြစ်တဲ့အခါ . . .

မေး ။ ပန်းနာရင်ကျပ်ဖြစ်တဲ့အခါ ဘယ်လိုအစားအစာတွေ ရှောင်ရမလဲ၊ ဘယ်လိုနေထိုင်ရမလဲ၊ အရေးပေါ် ဘယ်ဆေးတွေဆောင်ရမလဲ။
Nge Lay (FB)

ဒေါက်တာမြတ်ထွဋ်ညွန့် မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ ပန်းနာရင်ကျပ်ဖြစ်စေတဲ့မတည့်တဲ့ အရာတွေကို ရှောင်ပါ။ တစ်ယောက်နဲ့ တစ်ယောက်မတူတတ်ပါ။ ဥပမာ ပန်းဝတ်မှုန်၊ ရေမွှေး၊ ကြောင်အမွေးအမှင်တွေ၊ မြေပဲစတာတွေဖြစ်ပါတယ်။ ဒါ့အပြင် ပဲအမျိုးမျိုး၊ ဂေါ်ဖီထုပ်၊ ကြက်သွန်နီ၊ ယမ်းစိမ်းပါတဲ့ အစားအစာ၊ အသင့်စား အစားအစာနဲ့ ဆိုးဆေးပါတဲ့ အစာတွေ ရှောင်ပါ။ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ် စားပါ။ ဗီတာမင်ဒီများများပါတာ စားပါ။ ရင်မကြာခဏ ကျပ်တတ်ရင် ရှူဆေးဂေါက် ဆောင်ထားပါ။ အသုံးပြုနည်းကိုဆရာဝန်မေးထားပါ။ တချို့ ပန်းနာရင်ကျပ်ဆေးတွေဟာ လိုမှသောက်ရတာကြောင့် တာရှည်စွဲမသောက်သင့်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top