Healthy Life Ad
Health Tips

ဦးခေါင်းထိခိုက်ဒဏ်ရာရပြီးချိန်တွင် စောင့်ကြည့်ရမည့် လက္ခဏာများ

ဆိုင်ကယ်မှောက်လို့ပဲဖြစ်ဖြစ်၊ လဲကျလို့ပဲဖြစ်ဖြစ် ဦးခေါင်းထိခိုက်ဒဏ်ရာရထားပြီဆိုတာနဲ့ အောက်ပါလက္ခဏာတွေပေါ်သလား၊ မပေါ်ဘူးလားဆိုတာသိအောင် ၂၄နာရီစောင့်ကြည့်ရပါတယ်။ ၂၄ နာရီအတွင်းမှာ မမျှော်လင့်တဲ့ ပြဿနာတွေဖြစ်လာနိုင်တာကြောင့် ဦးခေါင်းထိခိုက်ဒဏ်ရာရရင် မပေါ့ဆပါနဲ့။

ဦးခေါင်းထိခိုက်ဒဏ်ရာရပြီး ဦးခေါင်းထဲက ဖိအားတက်လာခဲ့ရင် ပေါ်လာတတ်တဲ့ လက္ခဏာတွေကတော့-

(၁) ခေါင်းကိုက်ခြင်း၊

(၂) ပျို့ချင်အန်ချင်ဖြစ်ခြင်း၊

(၃) အန်ခြင်း၊

(၄) ခြေ၊ လက် အားနည်းခြင်းစတာတွေဖြစ်ပါတယ်။

ဒီလက္ခဏာတွေပေါ်လာရင် စိုးရိမ်ရတာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံးပြဖို့လိုပါတယ်။ ခြေ၊ လက် အားနည်းတယ်ဆိုတဲ့နေရာမှာ ဦးခေါင်းရဲ့ ဘယ်ဘက်အပိုင်းကိုထိခိုက်မိရင် ခန္ဓာကိုယ်ညာဘက်အခြမ်းအားနည်းပါတယ်၊ ဦးခေါင်းရဲ့ ညာဘက်အပိုင်းကိုထိရင် ခန္ဓာကိုယ်ဘယ်ဘက်အခြမ်းမှာ အားနည်းတတ်ပါတယ်။ ဦးခေါင်းထိခိုက်ဒဏ်ရာရပြီး အချိန် ၂၄ နာရီကျော်တဲ့အထိ ဘာလက္ခဏာမှမပြဘဲ ကျန်းမာနေရင်တော့ စိုးရိမ်ရတဲ့အခြေအနေကို ကျော်လွန်သွားပြီဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top