Healthy Life Ad
International

လုပ်ငန်းခွင်မှာ ခေါင်းထိခိုက်မိရာမှ ကင်ဆာနောက်ဆုံးအဆင့် ဖြစ်ပွားနေကြောင်းသိရှိခဲ့ရသည့် ထိုင်းအမျိုးသား

၊ မိုးမင်းထွန်း ၊

ထိုင်းနိုင်ငံမှ အသက် ၆၅ နှစ်အရွယ် ထွန်စက်မောင်းသူ မာနာကိတ်ခယူးဟာ ပစ္စည်းတစ်ခုကို ကားနဲ့ ဆွဲနေစဉ်အတွင်း ခေါင်းဆောင့်မိကာ ခေါင်းကချက်ချင်း ရောင်လာခဲ့ပါတယ်။ သူက ဒဏ်ရာကို နမော်နမဲ့ထားခဲ့ပြီး အနာလိမ်းတိုက်ဂါးဘမ်း ပရုတ်ဆီကိုသာ လူးခဲ့ပါတယ်။

မကြာခင်မှာ အရောင်ကျသွားခဲ့ပြီး နေ့စဉ်အလုပ်တွေကို ပုံမှန်လုပ်နေခဲ့ပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ဒဏ်ရာကပြန်နာလာကာ ပြန်ရောင်လာခဲ့ပါတယ်။ ဆရာဝန်ဆီသွားပြတဲ့အခါမှာတော့ အနာပိုးဝင်နေတာကို တွေ့ရှိခဲ့ပါတယ်။ ပိုးကူးစက်ခံရတဲ့ တစ်သျှူးတွေကို ဖယ်ရှားပေးခဲ့ပါတယ်။ ဒါပေမဲ့ မာနာကိတ်မှာ သွေးဖြူဆဲလ်ကင်ဆာ (lymphoma cancer)ေနာက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဆရာဝန်တွေက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။


ကင်ဆာဆေးသွင်းကုသမှုတွေပြုလုပ်ခဲ့ပေမယ့် မာနာကိတ်ဟာ အလွန်အားနည်းလာခဲ့ပြီး အသက်ရှူဖို့ခက်ခဲလာတာကြောင့် အသက်ရှူပိုက်ကနေ တစ်ဆင့် ရှူနေရပါတယ်။ ထိုင်းဘုန်းတော်ကြီး ဘဟင်ဦးဆောင်တဲ့အဖွဲ့ဟာ လူနာအသက်ရှူ ပြဿနာပြေလည်အောင် အောက်ဆီဂျင်စက် လှူဒါန်းပေးခဲ့ပါတယ်။ လူနာရဲ့အထွေထွေ အသုံးစရိတ်အတွက်လည်း ထိုင်းဘတ် ၂၀ဝ၀ဝ လှူဒါန်း ခဲ့ကြောင်း သိရပါတယ်။

(Ref; DS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top