Healthy Life Ad
Q & A

သွားအစွပ်စွပ်ပြီး ကျဉ်တယ်၊ စပ်တယ် . . .

မေး. ကျွန်တော်ကသက်ကြီးရွယ်အိုတစ်ဦးဖြစ်ပြီး ရှေ့ဘက်ညာရှိ သွားနှစ်ချောင်းကို ပေါ်စလင်သွားတုပြုပြီး အစွပ်နဲ့စွပ်ခံလိုက်ရပါတယ်။ အဲဒီလိုစွပ်ပြီး တစ်နေ့မှာ ရေပူသောက်လိုက်တော့ ကျဉ်သလို၊ စပ်သလိုမျိုး ရှေ့ဘက်ရဲ့အတွင်းဘက် သွားဖုံးနားမှာ ခံစားလိုက်ရပါတယ်။ အဲဒါဘာကြောင့် ဖြစ်ရပါသလဲ၊ စွပ်တာမလုံလို့ဖြစ်တာလား။
ဦးသန့်ဇင်၊ ကျောက်တံတား။

ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. သွားအစွပ်စွပ်တဲ့အခါ အတိအကျလုပ်ပေမယ့် တစ်ခါတလေ နည်းနည်းလေးပိုသွားတဲ့အခါ သွားဖုံးသားထဲကို နစ်ဝင်တတ်တယ်။ အဲဒီလို နစ်ဝင်သွားရင် နည်းနည်းနာတာဖြစ်တတ်တယ်။ လိုအပ်ရင် ကိုယ်ပြထားတဲ့ သွားဆရာဝန်ဆီမှာပြန်ပြပြီး ညှိလို့ရတယ်။ တစ်ရက်-နှစ်ရက်ပဲ ကျဉ်သလို၊ စပ်သလို ဖြစ်တယ်ဆိုရင်တော့ ပြောလို့မရသေးပါဘူး။ နောက်ပိုင်း အသားကျသွားတဲ့အခါ ပျောက်ရင်ပျောက်သွားပါလိမ့်မယ်။ အဲဒီလိုမဟုတ်ဘဲ ဆက်ပြီးနာနေမယ်ဆိုရင်တော့ ပထမပြထားတဲ့ ဆရာဝန်နဲ့ပြန်ပြပြီး ဆွေးနွေးတိုင်ပင်ပြုပြင်ပါလို့ အကြံပြုချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top