Healthy Life Ad
International

ပါးပေါ်က လိမ္မော်သီးအရွယ် အကျိတ်လုံးရှိသည့်ကျောင်းသူ ၁၆ နှစ်ကြာဒုက္ခမှလွတ်မြောက်

၊ မိုးမင်းထွန်း ၊

နီပေါနိုင်ငံ၊ ကျေးရွာတစ်ရွာမှ အသက် ၂၁ နှစ်အရွယ်ကောလိပ်ကျောင်းသူ ဘီနာဟာ ၅ နှစ်သမီးအရွယ်ကတည်းက ဘယ်ဘက်ပါးပေါ်မှာ အဖုသေးလေးတစ်ခု စတင်ပေါ်လာခဲ့ပါတယ်။

အစပိုင်းမှာ သာမန်ဒဏ်ရာရတယ်လို့ထင်ခဲ့ပေမယ့် အဖုလုံးဟာ အချိန်နဲ့အမျှ ကြီးထွားလာခဲ့ပါတယ်။ ဒဏ်ရာက နာကျင်ရုံသာမက စိတ်ပိုင်းဆိုင်ရာပါထိခိုက်ခဲ့ရပါတယ်။ ဘီနာက အပြင်သွားတိုင်း မျက်နှာကို ပဝါအုပ်သွားလေ့ရှိပြီး မိဘတွေက ဘီနာယောကျာ်းမရမှာကို စိုးရိမ်ခဲ့ကြပါတယ်။ အပြင်သွားတိုင်း သူ့ရဲ့အကျိတ်လုံးကြီး ဘာကြောင့်ဖြစ်ရသလဲဆိုတာ လူတွေကစပ်စုကြတာကြောင့် အနေရခက်ကာ အတန်းဖော်တွေကြားမှာလည်း သိမ်ငယ်ရှက်ရွံရကြောင်း ဘီနာကဆိုပါတယ်။

ကုသပေးနိုင်တဲ့ ဆရာဝန်ကိုရှာဖွေခဲ့ရာမှာ နောက်ဆုံးတော့ ဘီနာက ခွဲစိတ်ဆရာဝန် ဒေါက်တာဂျက်စ်ဝမ်ရှာကရာနဲ့တွေ့ဆုံခဲ့ပါတယ်။ လိုအပ်တဲ့စမ်းသပ်မှုတွေအပြီးမှာ ဘီနာရဲ့ရောဂါဟာ Haemangioma ခေါ်တဲ့ သွေးကြောတွေစုဖွဲ့ပြီး အရေပြားအောက်မှာ အကျိတ်ဖြစ်စေတဲ့ ရောဂါအမျိုးအစားဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။

ဘီနာရဲ့ပါးမှအကျိတ်ကို ဒေါက်တာဂျက်စ်ဝမ်နဲ့ တခြားခွဲစိတ်ဆရာဝန် ၄ယောက်တို့ဟာ ၄နာရီကြာ ခွဲစိတ်ပေးခဲ့ပြီး ၅၀ဝ ဂရမ်အလေးချိန်ရှိ အကျိတ်လုံးကို အောင်မြင်စွာဖယ်ရှားပေးနိုင်ခဲ့ပါတယ်။

အခုအခါမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိနေပြီဖြစ်တဲ့ ဘီနာကမှန်ကြည့်ရမှာ မကြောက်တော့ဘဲ တစ်ခါကြည့်တိုင်း အချိန်အတော်ကြာကြည့်လေ့ရှိကြောင်း ပြောပြပါတယ်။ လူကြားထဲသွားရမှာ မကြောက်တော့ဘဲ ပျော်ရွှင်စွာနေထိုင်နိုင်ပြီဖြစ်ကြောင်းဆိုပါတယ်။ ဒေါက်တာဂျက်စ်ဝမ်နဲ့ သူ့အဖွဲ့ကို ကျေးဇူးတင်ကြောင်းနဲ့ သူတို့နဲ့တွေ့ဆုံခွင့်ရခဲ့တာ ကံကောင်းခဲ့ကြောင်း ဘီနာကပြောပြခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top