Healthy Life Ad
Q & A

ဘီပိုးရှိရင် ဘယ်လို သားဆက်ခြားနည်း သုံးသင့်သလဲ . . .

မေး။ ။ ကျွန်မသမီးလေးမှာ ဘီပိုးရှိပါတယ်။ မကြာခင် အိမ်ထောင်ပြုမှာဖြစ်လို့ ဘယ်နည်းလမ်းနဲ့ သားဆက် ခြားသင့်ပါသလဲရှင်။ သုံးလဆေးထိုးတာနဲ့ လက်မောင်းထဲထည့်တာ ဘယ်ဟာပိုသင့်တော်ပါသလဲသိပါရစေ။ မှတ်ချက်။ ။ ဆရာဝန် လမ်းညွှန်ချက်အတိုင်း ဘီပိုး သေဆေးလည်း စနစ်တကျသောက်နေပါတယ်။
Rose Aye (FB)

ဒေါက်တာမြတ်ထွဋ်ညွန့် ဖြေကြားသည်။

ဖြေ။ ။ အသည်းရောင်အသားဝါပိုး တာရှည်သယ်ဆောင်နေသူ အမျိုးသမီးတွေအနေနဲ့ တားဆေးသောက် ဆေး၊ ထိုးဆေး၊ သားအိမ်တွင်းထည့်ပစ္စည်း အဆင်ပြေရာကို စစ်ဆေးပြီး သုံးနိုင်ပါတယ်။ တားဆေးတွေမှာပါတဲ့ဟော်မုန်းက မများတဲ့အတွက် ဘာဖြစ်ဖြစ်ရပါတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် ကျန်းမာရေးအခြေအနေကိုပါ ထည့်စဉ်းစားရတာကြောင့် သားဖွားမီးယပ်အထူးကုဆရာဝန်နဲ့ ပြသပြီးတားနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top