Healthy Life Ad
Q & A

ခရမ်းချဉ်သီးယိုနှင့် ကင်ဆာ

မေး ။ ခရမ်းချဉ်သီးယိုစားရင် ကင်ဆာကို ကာကွယ်နိုင်ပါသလားရှင့်။
မသော်တာ၊ ကျောက်မြောင်း။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)

ဖြေ ။ ခရမ်းချဉ်သီးယိုမှ မဟုတ်ဘူး၊ ခရမ်းချဉ်သီးကိုယ်တိုင်က ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။ ခရမ်းချဉ်သီး မှာ လိုင်ကိုပင်းဓာတ်က အများကြီးပါတဲ့အတွက် အကောင်းဆုံးက သံလွင်ဆီလေးနဲ့ ခရမ်းချဉ်သီးကို သုပ်စားသင့်ပါတယ်။ အဲဒီလို စားပေးရင် ခန္ဓာကိုယ်ထဲက ဖရီးရယ်ဒီကယ်တွေကို အများကြီး လျှော့ချ ပေးလိုက်ပါတယ်။ အဲဒီအတွက် ဆဲလ်တွေပျက်စီးနှုန်းကို အများကြီး လျှော့ချပေးတဲ့အတွက် ထူးခြားချက်က ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။
ခရမ်းချဉ်သီးစားရင် နေလောင်ဒဏ်ကို ကာကွယ်ပေးတဲ့အတွက် နေပူထဲ ထွက်တဲ့သူတွေက ခရမ်းချဉ်သီးကို များများ စားပေးသင့်ပါတယ်။ ဆီးချို သမားတွေလည်း စားလို့ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top