Healthy Life Ad
Q & A

မိန်းမကိုယ် အနံ့နံပြီး အဖြူဆင်းနေလို့ . . .

မေး. အသက် ၆၀ ပါ။ မိန်းမကိုယ်မှာ ဆိုးတဲ့အနံ့မဟုတ်ပေမယ့် အနံ့ရှိပါတယ်။ အဖြူအဖတ်လည်း နည်းနည်းနေပါတယ်။ ခါးနာခြင်း၊ ခါးကိုက်ခြင်း၊ ကိုက်ခဲခြင်း ဘာတစ်ခုမှ မရှိပါဘူး။ အဖြူဖတ်တော့ အနည်းငယ်ရှိခြင်းကို ဘယ်လိုလုပ်ရမလဲ ညွှန်ကြားပေးပါရှင့်။ ကျေးဇူးတင်ပါတယ်။
Anty Marie (FB)

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ. သွေးဆုံးပြီးချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် အဖြူဆင်းတာ အနံ့အသက်အနည်းငယ်ရှိတာ ဖြစ်တတ်ပါတယ်။ ချည်ထည်ပွပွ အတွင်းခံကိုဝတ်ဖို့ နိုင်လွန်လို ပူတဲ့အဝတ်မျိုးရှောင်ဖို့၊ တင်းကျပ်တာတွေမဝတ်ဖို့လိုပါတယ်။ သဘာဝအီစထရိုဂျင်ပါတဲ့ ပဲပိစပ်၊ ပဲနို့၊ ပဲပြားစစ်စစ် စတာတွေ များများစားပေးပါ။ တကယ်လို့ အဖြူဆင်းတာများရင် အနံ့အသက်ပိုလာတယ်ထင်ရင် တခြားအရည်တစ်မျိုးမျိုး ဆင်းရင်တော့ ဆေးကုသဖို့လိုပါတယ်။ ဆေးရုံ၊ ဆေးခန်းပြပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top