Healthy Life Ad
Life Style

ဆီးချိုရောဂါနှင့် Hba1c

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ ဆီးချိုရောဂါရှိသူတွေ စစ်ဆေးရလေ့ရှိတဲ့ Hba1c ဆိုတာ ဘာကိုခေါ်တာပါလဲ ဆရာ။
ဖြေ။ ။ Hba1c ဆိုတာ ဟေမိုဂလိုဘင် A1c ကို ဆိုလိုတာဖြစ်ပြီး သွေးတွင်း သကြားဓာတ်အားလုံးကို ရက် ၉၀ (သုံးလ)နဲ့ စားပြီး ပျမ်းမျှယူတာပဲ ဖြစ်ပါတယ်။ သုံးလကာလအတွင်း သွေးတွင်းသကြားဓာတ်ဘယ် လောက်ရှိသလဲဆိုတာကို ပျမ်းမျှ တွက်ချက်တာပဲ ဖြစ်ပါတယ်။ သွေးတွင်း သကြားဓာတ် ထိန်းတာကောင်း၊ မကောင်း တိုင်းတာတဲ့ စနစ်ဖြစ်ပါတယ်။

မေး။ ။ Hba1c ကို ဘယ်လောက် တစ်ကြိမ် စစ်ဆေးရပါသလဲ ဆရာ။
ဖြေ။ ။ သုံးလတစ်ခါ ပျမ်းမျှ စစ်ဆေးရပါတယ်။ ဒီသုံးလအတွင်းမှာ သွေးတွင်း သကြားဓာတ် မြင့်တက်နေခဲ့ရင် Hba1c ရာခိုင်နှုန်းလည်းများမှာ ဖြစ်ပါတယ်။

မေး။ ။ Hba1c က ဆီးချိုရောဂါရှင်တွေအတွက် အရေးကြီးပါသလား ဆရာ။
ဖြေ။ ။ Hba1c က အရေးကြီးပါတယ်။ နှစ်နေရာမှာ သုံးပါတယ်။
(၁) သုံးလအတွင်း ဆီးချိုကို ထိန်းချုပ်နိုင်စွမ်းအား ကောင်း၊ မကောင်း တိုင်းတာနိုင်ပါတယ်။ ဆီးချိုရော ဂါရှိသူတွေမှာ Hba1c စစ်လို့ အကြမ်းဖျင်းအားဖြင့် ၇ အောက် ရောက်တယ်ဆိုရင် ကောင်းပါတယ်။
(၂) အခုနောက်ပိုင်းမှာ Hba1c ကို ရောဂါရှာဖွေရေး အတွက်ပါ သုံးလာကြပါတယ်။ အကြမ်းဖျင်းအားဖြင့် Hba1c က ၆ ဒသမ ၅ ကျော်ရင် ဆီးချိုရောဂါရှိတယ်လို့ သတ်မှတ်ပါတယ်။

မေး။ ။ ဆီးချိုရောဂါရှိသူတွေဟာ Hba1c ကို အမြဲတမ်း စစ်နေဖို့ လိုပါသလား ဆရာ။
ဖြေ။ ။ ဆီးချိုရောဂါရှိသူတွေအနေနဲ့ မိမိရဲ့ သွေးတွင်း သကြားဓာတ်အတိုင်းအတာကို သိနိုင်ဖို့ Hba1c ကို ၃ လတစ်ကြိမ် စစ်ဖို့လိုအပ်ပါတယ်။ ဒါဆိုရင် သုံးလအတွင်း ဆီးချိုထိန်းချုပ်မှု ကောင်း၊ မကောင်း သိနိုင်ပါတယ်။
တကယ်လို့ ဆီးချို ထိန်းချုပ်နိုင်စွမ်းအားကသိပ်ကောင်းနေပြီဆိုရင်တော့ ခြောက်လတစ်ခါစစ်ဖို့ လို အပ်ပါတယ်။ အနည်းဆုံးတော့ တစ်နှစ်တစ်ကြိမ် စစ်ရပါမယ်။

တကယ် ဆီးချိုရောဂါဖြစ်တာလား၊ စိတ်ဖိစီးမှုကြောင့် ဆီးချိုခဏတက်နေတာလားဆိုတာ ဆေးရုံမှာ ခွဲရခက်ပါတယ်။ နဂိုက ဆီးချိုလက္ခဏာ တစ်ခုမှ မရှိခဲ့ဘူး၊ ဒါပေမဲ့ သွေးဖောက်စစ်လိုက်တော့လည်း သွေးတွင်း သကြားဓာတ်က မြင့်တက်နေတယ်၊ ဒီလို လူနာတွေမှာ Hba1c ကို ဖောက်စစ်လိုက်ရပါတယ်။ လွန်ခဲ့တဲ့ သုံးလက ဆီးချိုကို ပြတာဆိုတော့ Hba1c om positive ဖြစ်နေရင် နဂိုကတည်းက ဆီးချိုရောဂါ ရှိနေတာကိုမသိလို့ဖြစ်ပါတယ် . . .

မေး။ ။ ဆီးချိုသွေးချိုရောဂါ ထိန်းချုပ်မှု ကောင်း၊မကောင်းသိအောင် စစ်ဆေးနိုင်တဲ့ နည်းလမ်း ဘယ်နှမျိုး ရှိပါသလဲ ဆရာ။
ဖြေ။ ။ ဆီးချိုသွေးချိုရောဂါ ထိန်းချုပ်မှုကောင်း၊ မကောင်းသိနိုင်တဲ့ နည်းလမ်းနှစ်မျိုးရှိပါတယ်။

(၁) SMBG (Self Monitoring BloodGlucose) လို့ ခေါ်တဲ့ ကိုယ့်အိမ်မှာကိုယ် စက်လေးနဲ့ စစ်တာ ဖြစ်ပါတယ်။ အိမ်မှာစစ်တဲ့အခါ Fasting က ၉၀ နဲ့ ၁၃၀ ကြားမှာရှိရပါမယ်။ အစာစားပြီး နှစ်နာရီမှာ စစ်ရင် ၁၄၀နဲ့ ၁၈၀ ကြားရှိရပါမယ်။ ဘယ်အချိန် စစ်စစ် (Random) က ၂၀ဝ ရှိရပါမယ်။ ဒါကတော့ ပုံသေ မရှိပါဘူး။ အမျိုးအစား (၁) ဆီးချိုရောဂါ ဆို ရင် တစ်နေ့သုံးကြိမ်လောက် စစ်ရပါတယ်။ အမျိုးအ စား (၂) ဆီးချိုရောဂါ ဆိုရင် ထိန်းချုပ်မှု ကောင်းရင် ကောင်းသလို၊ မကောင်းရင် မကောင်းသလို စစ်ရပါတယ်။ ထိန်းချုပ်မှု ကောင်းနေရင် သုံးရက်နေမှ တစ်ခါစစ်လည်း ရပေမယ့် ထိန်းချုပ်မှု မကောင်းရင်တော့ နေ့တိုင်း စစ်ဖို့ လိုပါတယ်။ ဒီစစ်နည်း သုံးမျိုးထဲမှာ Fasting ကို ဦးစားပေးပြီး စစ်ဖို့ လိုပါတယ်။

လူတစ်ယောက်ရဲ့ ဆီးချိုသွေးချိုအတိုင်းအတာက တစ်နေ့တည်းမှာပင် အမျိုးမျိုး ပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့် ပျမ်းမျှ အတိုင်းအတာကို အဓိက ယူပါတယ်။

(၂) Hba1c စစ်နည်းဖြစ်ပါတယ်။
အကြမ်းအားဖြင့် ဒီစစ်နည်းအားလုံးနဲ့ စစ်လို့ အတိုင်းအတာအတွင်း ရှိနေမှသာ ဆီးချို ထိန်းချုပ် နိုင်စွမ်းအား ကောင်းတယ်လို့ သတ်မှတ်ကြပါတယ်။

မေး။ ။ Hba1c စစ်ဆေးတဲ့အခါ မှားနိုင်ပါသလား ဆရာ။
ဖြေ။ ။ Hba1c က နည်းလမ်းအမျိုးမျိုးရှိပေမယ့် အခုတော့ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ စနစ်ကိုပဲ သုံးရမယ်လို့ သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံမှာစံချိန်စံညွန်းနဲ့အညီ စစ်ဆေးတဲ့ ဓာတ်ခွဲခန်းတွေရှိပါတယ်။ အဲဒီ လိုစံချိန်စံညွှန်းနဲ့ မညီတဲ့စနစ်ကို သုံးပြီး စစ်ရင်တော့ Hba1c က မှားနိုင်ပါတယ်။

မေး။ ။ Hba1c စစ်တဲ့အခါ Fasting (ခဏတာ အစာဖြတ်ခြင်း) လုပ်ဖို့ လိုပါသလား ဆရာ။
ဖြေ။ ။ မလိုပါဘူး။ ရိုးရိုး သွေးဖောက်စစ်ဆေးတာပဲ ဖြစ်ပါတယ်။

မေး။ ။ Hba1c တခြားအကြောင်းတွေကြောင့် ပြောင်း လဲသွားနိုင်ပါသလား ဆရာ။
ဖြေ။ ။ Hba1c တခြားအကြောင်းတွေကြောင့်ပြောင်းလဲသွားနိုင်ပါတယ်။ ဥပမာ ဆိုပါစို့၊ သွေးအားနည်းတဲ့ ရောဂါတွေမှာဆိုရင် Hba1c က မှားနိုင်ပါတယ်။

မေး။ ။ Hba1c က ဘယ်နေရာမှာ အသုံးကြပါသလဲ ဆရာ။
ဖြေ။ ။ အဓိကကတော့ ဆီးချိုရောဂါထိန်းချုပ်ရာမှာ အသုံးပြုကြပါတယ်။ ပြီးတော့ ရောဂါရှာဖွေရေးမှာလည်း အသုံးဝင်ပါတယ်။ တစ်ခါတလေ ဆရာတို့ ဆေးရုံတွေမှာ စိတ်ဖိစီးမှုကြောင့် သွေးတွင်းသကြား ဓာတ်မြင့်တက်တဲ့ အခြေအနေ (Stress Hypergl­y­caemia)ြဖစ်နေတဲ့ လူနာတွေကို တွေ့ရတတ်တယ်။ တကယ်တော့ သူတို့မှာ ဆီးချိုရောဂါက မရှိဘူး။ စိတ်ဖိစီးမှုအခြေအနေတစ်ခုခုကြောင့် ဆီးချိုက ခဏတက်နေတာဖြစ်တယ်။ တကယ် ဆီးချိုရောဂါဖြစ်တာလား၊ စိတ်ဖိစီးမှုကြောင့် ဆီးချိုခဏတက် နေတာလားဆိုတာ ဆေးရုံမှာခွဲရခက်ပါတယ်။ နဂိုက ဆီးချိုလက္ခဏာ တစ်ခုမှမရှိခဲ့ဘူး၊ ဒါပေမဲ့ သွေး ဖောက်စစ်လိုက်တော့လည်း သွေးတွင်း သကြားဓာတ်က မြင့်တက်နေတယ်၊ ဒီလို လူနာတွေမှာ Hba1c ကို ဖောက်စစ်လိုက်ရပါတယ်။ လွန်ခဲ့တဲ့ သုံးလက ဆီးချိုကို ပြတာဆိုတော့ Hba1c သာ Positive ြဖစ်နေရင် နဂိုကတည်းက ဆီးချိုရောဂါ ရှိနေတာကို မသိလို့ဖြစ်ပါတယ်။ Hba1c က Negative ြဖစ်နေရင် စိတ်ဖိစီးမှုကြောင့် ဆီးချိုခဏတက်တဲ့ အခြေအနေ ဖြစ်နိုင်ပါတယ်။

မေး။ ။ ဆီးချိုရောဂါ ရှိသူတွေကို ထပ်မံပညာပေးလိုတာ ရှိရင်သိပါရစေဆရာ။
ဖြေ။ ။အဓိက အနေနဲ့ SMBG လည်း မှန်ရမယ်၊ Fasting လည်းမှန်ရမယ်၊ HbA1c လည်း မှန်ရမယ်၊ ဒီသုံးမျိုးစလုံး မှန်နေရင်တော့ အကောင်းဆုံးပါပဲ။ ဒါကြောင့် HbA1c ကို စစ်ဆေးဖို့ လိုတယ်ဆိုတာ ပြောကြားလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top