ဒူးနာနေရင် နည်းနည်းအနားယူသင့်ပါတယ်။ ဒါပေမဲ့ ဒူးနာနေချိန်မှာ တစ်ချိန်လုံးအနားယူနေတာမျိုးကို ရှောင်သင့်ပါ တယ်။ ဒူးကို ပုံမှန်အသုံးပြုမှ ဒူးအတွက်ရော လူအတွက်ရော အကျိုးရှိပါတယ်။ ဒူးကိုအနားယူတာများလွန်းရင် ကြွက်သားတွေ သိမ်သွားတတ်ပြီး ဒူးရဲ့ခိုင်ခံ့မှုလျော့သွားတတ်ပါတယ်။
အများအားဖြင့် ဒူးနာနေရင် ဒူးကို ကွေးလိုက်တာက နည်းနည်းသက်သာပေမယ့် ဒူးကိုကွေးပြီး နားရင် ပြန်ဆန့်လို့ မရတော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အနားယူနေတယ်ဆိုရင်တောင် ဒူးကို တတ်နိုင်သလောက် အသုံးပြုစေချင်ပါတယ်။ ဒူးကို အနားပေးတဲ့အချိန်မှာ ဒူးကိုဆန့်ပြီး အနားယူပေးပါ။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)