Healthy Life Ad
Life Style

ဆီးချိုစင်တာ (၃)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)

ဆီးချိုစင်တာ (Diabetes Center) ထားရှိခြင်းရဲ့ ရည်မှန်းချက်ကတော့ ဆီးချိုရောဂါ ခံစားနေရတဲ့လူနာတွေ နောက်ဆက်တွဲရောဂါတွေ ဝင်ရောက်ခြင်းမှ လုံးဝကင်းဝေးပြီး အရည်အချင်းပြည့်ဝတဲ့ အသက်ရှည်ခြင်းကို ပိုင်ဆိုင်ရရှိနိုင်ဖို့ပဲဖြစ်ပါတယ်။

ဒီဆီးချိုစင်တာတွေမှာ အောက်ပါဝန်ဆောင်မှုတွေ ပြုလုပ်ပေးနိုင်ပါတယ်။


၁. ခန္ဓာကိုယ်အသားကျစ်နှုန်း တိုင်းတာခြင်း

ခန္ဓာကိုယ် အသားကျစ်နှုန်း (BMI) တိုင်းတာခြင်းဖြင့် မိမိရဲ့ခန္ဓာကိုယ်အလေးချိန် ပုံမှန်ရှိ၊ မရှိ၊ အဝလွန်ကဲခြင်းရှိ၊ မရှိ သိနိုင်ပါတယ်။ ဝမ်းဗိုက်လုံးပတ် waist circumference ကြီးလွန်းတာရှိ၊ မရှိ သိနိုင်ပါတယ်။ ဝမ်းဗိုက်လုံးပတ်ကြီးရင် ဝမ်းတွင်းအဆီများမယ်။ ဒီလိုလူတွေမှာ နှလုံးသွေးကြောပိတ်တာ၊ လေဖြတ်တာ ပိုဖြစ်တတ်ပါတယ်။


၂. သွေးနှင့် ဆီးစစ်ခြင်း

A. သွေးတွင်းအဆီဓာတ်များ၊ မများစစ်ခြင်း (lipid profile)

သွေးတွင်းအဆီဓာတ် ၄ မျိုးကို စစ်ပေးပါတယ်။

– total cholesterol (စုစုပေါင်းကိုလက်စ်ထရော)

– LDL ပေါ့ပါးသောအဆီ (ဆိုးကျိုးပေးသော ကိုလက်စထရော)

– HDL လေးသောအဆီ (ကောင်းကျိုးပေးသော ကိုလက်စ်ထရော)

– Triglyceride (ထရိုင်ဂလစ်စရိုက် အဆီ)

B. ကျောက်ကပ် ကောင်း၊ မကောင်းစစ်ခြင်း

ကျောက်ကပ်ထိခိုက်ခြင်းကိုသိရှိရန်

– Micro albuminuria

ဆီးထဲ အသားဓာတ်အနည်းငယ် စတင်ပါဝင်လာတာက ကျောက်ကပ်ထိခိုက်ခြင်းရဲ့ အစောဆုံးအခြေအနေကို ဖော်ပြခြင်းဖြစ်ပါတယ်။ ဒီအဆင့်မှာ ကောင်းမွန်စွာကုသရင် ပြန်ကောင်းသွားနိုင်ပါတယ်။

– Albuminuria

ဆီးထဲအသားဓာတ် သိသာထင်ရှားစွာများလာတာက ကျောက်ကပ်ထိခိုက်မှု ပိုဆိုးလာတဲ့အဆင့် ဖြစ်ပါတယ်။ ပုံမှန်အခြေအနေသို့ ပြန်ကောင်းလေ့မရှိပါ။

ကျောက်ကပ် အလုပ်လုပ်နိုင်စွမ်းကိုသိရှိရန်

– Creatinine or eGFR

ခရီရာတနင်း များလာပြီဆိုရင် ကျောက်ကပ် ပုံမှန်အလုပ်မလုပ်နိုင်တော့ကြောင်း ဖော်ပြနေတာပဲဖြစ်ပါတယ်။ eGFR ဆိုတာက ကျောက်ကပ်အား ဘယ်လောက်ကျန်ရှိသေးသလဲဆိုတာ ရာခိုင်နှုန်းနဲ့ ဖော်ပြထားတာဖြစ်ပါတယ်။

– Urea & Electrolytes ဆိုတာကလည်း ဆီးအဆိပ်ဓာတ်တွေနဲ့ ဓာတ်ဆားဓာတ်၊ အက်စစ်အယ်ကာလီ အခြေအနေတွေကို သိရှိနိုင်တဲ့စစ်ချက်တွေဖြစ်ပါတယ်။ ကျောက်ကပ်နဲ့ သက်ဆိုင်ပါတယ်။

C. နှလုံးနှင့် သွေးကြောရောဂါ စစ်ဆေးခြင်း

အီးစီဂျီ (ECG) ဆွဲခြင်း၊ သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ရှိမရှိ စစ်ဆေးခြင်း


D. မျက်စိမြင်လွှာ စစ်ဆေးခြင်း (Retinal photograph)

မြင်လွှာဟာ အမြင်အာရုံရရှိဖို့အတွက် အလွန်အရေးကြီးပါတယ်။ မြင်လွှာပေါ်မှာ နာ့ဗ်အာရုံကြောတွေအပြင် သွေးကြောတွေ အများကြီးရှိပါတယ်။ ဒီသွေးကြောတွေ ပိတ်သွားရင် ဒါမှမဟုတ် ပေါက်သွားရင် မျက်စိချက်ချင်း ကွယ်သွားတတ်ပါတယ်။ မျက်စေ့မြင်လွှာကို ဓာတ်ပုံရိုက်ခြင်းဖြင့် မြင်လွှာသွေးကြောတွေပျက်စီးနေခြင်း၊ သွေးကြောမျှင်အသစ်တွေ ဖြစ်ပေါ်နေခြင်း ရှိ၊ မရှိတို့ကို အစောဆုံးသိရှိနိုင်မှာဖြစ်ပါတယ်။ လေဆာပစ်ပြီးကုထားရင် မျက်စိမကွယ်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အမျိုးအစား(၂) ဆီးချိုလူနာအားလုံးဟာ ဆီးချိုရောဂါရှိမှန်း သိသိချင်း မြင်လွှာကိုဓာတ်ပုံရိုက်ကြည့်ဖို့လိုပါတယ်။ နောက်ပိုင်းမှာ တစ်နှစ်မှာ တစ်ခါပြန်လည်စစ်ဆေးနေဖို့လိုပါတယ်။ ဆီးချိုစင်တာမှာ မြင်လွှာဓာတ်ပုံကို တစ်ထိုင်တည်း လွယ်ကူစွာရိုက်ပေးမှာဖြစ်ပါတယ်။

ဆီးချိုခြေထောက်ရောဂါ (Diabetes Foot)ဟာ ဆီးချိုရောဂါရှိသူတွေ အကြောက်ဆုံး နောက်ဆက်တွဲရောဂါတစ်ခုဖြစ်ပါတယ်။ သေးငယ်တဲ့ မတော်တဆအနာကစပြီး နောက်ဆုံးခြေထောက်ဖြတ်ခံရတဲ့အထိ ဖြစ်တတ်ပါတယ်။ ခြေထောက်ထုံပြီး ခြေထောက်ပုံပျက်လာရင် ခြေဖဝါးမှာကျရောက်တဲ့ ကိုယ်ခန္ဓာရဲ့ဖိအားမညီတာဖြစ်လာ . . .

E. ခြေထောက် စစ်ဆေးခြင်း (Foot assessment)

ဆီးချိုခြေထောက်ရောဂါ (Diabetes Foot) ဟာ ဆီးချိုရောဂါရှိသူတွေ အကြောက်ဆုံး နောက်ဆက်တွဲရောဂါတစ်ခု ဖြစ်ပါတယ်။ သေးငယ်တဲ့ မတော်တဆအနာကစပြီး နောက်ဆုံးခြေထောက်ဖြတ်ခံရတဲ့အထိ ဖြစ်တတ်ပါတယ်။ ခြေထောက်ထုံပြီး ခြေထောက်ပုံပျက်လာရင် ခြေဖဝါးမှာကျရောက်တဲ့ ကိုယ်ခန္ဓာရဲ့ ဖိအားမညီတာဖြစ်လာတတ်ပါတယ်။ ဒီကတစ်ဆင့် ဆီးချိုခြေထောက်နာ ဖြစ်လာဖို့များလာပါတယ်။ အသားမာတွေကို ဖယ်ရှားပေးတာပြုလုပ်ပေးရပါတယ်။ သွေးကြောမကောင်းရင် မည်းပုပ်လာတတ်ပါတယ်။ အောက်ပါ စစ်ဆေးနည်းတွေနဲ့ ခြေထောက်ကို စစ်ပေးပါတယ်။


– Biothesometry

တုန်ခါမှု (Vibration)ကို သိ၊ မသိ စက်နဲ့စမ်းသပ်ပေးပါတယ်။ အာရုံကြော အားနည်းလာခြင်းကိုပြပါတယ်။ ထိတွေ့မှုအာရုံ – Monofilament test ခြေထောက်ထုံခြင်းကို တိုင်းထွာခြင်းတစ်မျိုးဖြစ်ပါတယ်။ အမျှင်လေးနဲ့တို့တာမသိရင် ထိခိုက်နာကျင်ခြင်းကို ခံစားမှုမရှိနိုင်လို့ ခြေထောက်ပုပ်နာဖြစ်ဖို့ အလားများပါတယ်။ ကြိုတင်ကာကွယ်နိုင်ဖို့ဆောင်ရန်၊ ရှောင်ရန်တွေကို ပညာပေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top