Healthy Life Ad
Health Tips

သင့်ခန္ဓာကိုယ်ရှိ အဆီပိုတို့ကို လောင်ကျွမ်းစေမည့် အကောင်းဆုံးအစာများ

(၁) ငါးအဆီ
ငါးမှာမရှိမဖြစ် ဖက်တီးအက်ဆစ် ပါဝင်တဲ့အပြင် အိုမီဂါ ၃ ဖက်တီးအက်ဆစ်များများ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် ကောင်းကျိုးရှိပါတယ်။ ဒါ့အပြင် ငါးမှာ အဆီနည်းပရိုတင်းဓာတ်ပါဝင်မှုများတာကြောင့် အဆီတွေကို လောင်ကျွမ်းစေပြီး ကြွက်သားတွေကိုတည်ဆောက်ပေးနိုင်ပါတယ်။

(၃) ကြက်ဥ၊ ဘဲဥ
ကြက်ဥ၊ ဘဲဥတွေက အဆီလောင်ကျွမ်းစေတဲ့ အစာတွေပါ။ ကြက်ဥ၊ ဘဲဥမှာ ပရိုတင်းဓာတ်ပါဝင်မှု မြင့်မားပြီး အဆီပိုတွေကို လျော့ကျစေပါတယ်။

(၄) ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းဟာ ဗီတာမင်စီပါဝင်မှုများတဲ့ အစာပါ။ ပန်းဂေါ်ဖီစိမ်းတစ်ခွက်မှာ ဗီတာမင်စီ တစ်နေ့ တာလိုအပ်တဲ့ ပမာဏထက် ၁၅၀ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် အဆီချေဖျက်မှုအားကောင်းပါတယ်။

(၂) အခွံမာ အစေ့အဆန်
အခွံမာ အစေ့အဆန်တွေက အဆီကို လောင်ကျွမ်းစေတဲ့ အစာပါ။ ကောင်းတဲ့ အဆီဓာတ်၊ မရှိမဖြစ် ဖက်တီးအက်ဆစ်နဲ့ ဆီမှာပျော်တဲ့ ဗီတာမင်တို့ ပါဝင်မှုများတဲ့အပြင် အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်တို့လည်း ပါဝင်နေပါတယ်။

(၅) ပဲအမျိုးမျိုး
ပဲမှာ အဆီဓာတ်ပါဝင်မှုနည်းပါးပြီး အမျှင်ဓာတ်နဲ့ပရိုတင်းဓာတ်တို့ ပါဝင်မှုမြင့်မားပါတယ်။ ဒါကြောင့် အသားမစားတဲ့အခါအစားထိုး စားပေးသင့်ပါတယ်။ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ဖက်တီးအက်ဆစ်တွေကို ချေဖျက်ပေးကာ ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းမွန်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top