Healthy Life Ad
Q & A

ဘယ်လောက်ဆိုရင် ဆီးချိုသွေးချိုဖြစ်ပြီလဲ

မေး. ဆရာမကြီးရှင့် . . ဆီးချိုသွေးချိုစဖြစ်ချိန်မှာ သွေးကိုတိုင်းကြည့်လို့ ဘယ်လောက်ဆို စဖြစ်နိုင်ပါသလဲရှင့်။
TTW (FB)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ဆီးချိုသွေးချို ဖြစ်ခါနီးအချိန်ကို မစစ်ဆေးဘဲ လူတွေမသိနိုင်ပါဘူး။ ဒါပေမဲ့ ဒီဖြစ်ခါနီးအချိန်ကို မိအောင်ရှာဖွေဖော်ထုတ်နိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ ဆီးချိုဖြစ်ခါနီးအဆင့်မှာ နံနက်စောစောစစ်ရင် ၁၀ဝ မှ ၁၂၅ မီလီဂရမ်ကြားမှာရှိတာကို ခေါ်ပါတယ်။ ၁၂၆ နဲ့အထက်ကို ဆီးချိုသွေးချိုဖြစ်နေပြီလို့ သတ်မှတ်ပါတယ်။ ဒါမှမဟုတ် ဂလူးကို့စ်သောက်ပြီး ၂နာရီခြားမှာထပ်စစ်ရင် သွေးချို ၁၄၀ မှ၂၀ဝ ကြားရှိရင်လည်း ဆီးချိုဖြစ်ခါနီးအဆင့်လို့ သတ်မှတ်ပါတယ်။ ၂၀ဝကျော်ရင် ဆီးချိုသွေးချိုရောဂါ လုံးဝဖြစ်သွားပြီလို့ သတ်မှတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top