Healthy Life Ad
Life Style

ပြည့်ဖြိုးသော အမျိုးသမီးများအတွက် ဖက်ရှင်

၊ လရိပ်မေ ၊

ပြည့်ဖြိုးတဲ့အမျိုးသမီးတွေအနေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို မှန်မှန်ကန်ကန်ဝတ်ဆင်အသုံးပြုတတ်မယ်ဆိုရင် ပိုမိုသွယ်လျကြည့်ကောင်းလာမှာပါ။

(၁) လက်ဝတ်ရတနာ
လည်ပင်းပေါက်ကျဉ်းတဲ့ အင်္ကျီကိုဝတ်မယ်ဆိုရင် လည်ကပ်ပုံစံ ဆွဲကြိုးကိုမဆွဲပါနဲ့။ အဲဒီလို ဝတ်လိုက်ရင် လည်ပင်းတစ်ဝိုက်ရှိ အဆီပိုတွေကို ပိုပေါ်လွင်စေပါတယ်။ သင်ဝတ်မယ့် အင်္ကျီက အဆင်တွေ အများကြီးပါတယ်ဆိုရင် လည်ဆွဲကို သေးသေးလေးပဲဆွဲပါ။ သင့်ခန္ဓာကိုယ်ကို ပိုကြီးသယောင်ဖြစ်စေမယ့် ကြီးမားလွန်းတဲ့ ကျောက်မျက်လည် ဆွဲကို မဆွဲပါနဲ့။ ကြီးမားလွန်းတဲ့ နားဆွဲနဲ့ လည်ဆွဲတွေဟာ သင့်ခန္ဓာကိုယ်ရဲ့ ပြည့်ဖြိုးမှုကို ပိုမိုထင်သာစေပါတယ်။

(၂) လက်ကိုင်အိတ်
ပြည့်ဖြိုးတဲ့အမျိုးသမီးတွေအနေနဲ့ ကြီးမားတဲ့ လက်ကိုင်အိတ်ကိုကိုင်ဆောင်သင့်ပါတယ်။ ကြီးမားတဲ့ လက်ကိုင် အိတ်ဟာ ကိုင်ဆောင်သူရဲ့ခန္ဓာကိုယ် အချိုးအစားကို ပြေလျော့သွားစေပါတယ်။ အလုပ်အတွက်ကိုင်ဆောင်မယ်ဆို ရင် အနက်၊ အညိုနဲ့ မှိုင်းတဲ့အရောင်တွေကို ရွေးပါ။

(၃) ဖိနပ်
အရေးကြီးဆုံးကတော့ သက်သောင့်သက်သာရှိတဲ့ဖိနပ်ကိုစီးဖို့ပါ။ မာတဲ့ခြေခုံဖိနပ်ဟာ ခြေဖဝါးမှာ အသားမာတက်တာနဲ့ ကြမ်းတမ်းတာတွေကို ဖြစ်စေနိုင်တာကြောင့် ဘယ်လောက်ပဲလှလှမစီးသင့်ပါ။ ပြည့်ဖြိုးတဲ့အမျိုးသမီးတွေက ခပ်ပြားပြားကွင်း ဖိနပ်နဲ့လိုက်သလိုဒေါက် မြင့်ဖိနပ်နဲ့လည်း ကြည့်ကောင်းပါတယ်။

(၄) ခါးပတ်
ပွတဲ့အင်္ကျီ ဒါမှမဟုတ် ဘောင်းဘီဝတ်ရာမှာ ခါး ပတ်ပတ်တာက သင့်ကိုယ်ဟန်ကောက်ကြောင်းကို ပေါ်လွင်စေပါတယ်။

(၅) လက်ပတ်နာရီ
ဒိုင်ခွက်သေးတဲ့နာရီကို မပတ်ပါနဲ့။ အလတ်စား အရွယ်ရှိတဲ့နာရီဟာ ပြည့်ဖြိုးတဲ့ အမျိုးသမီးတွေနဲ့ အလိုက်ဖက်ဆုံးပါ။ လက်ပတ်နာရီအရောင်ကတော့ သင့်လက်နဲ့ လိုက်တာကို ရွေးပတ်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top