Healthy Life Ad
International

ဦးခေါင်းခွံအရွယ်အစားနှစ်ဆရှိ အသားပိုကြီးနဲ့ ထိုင်းအမျိုးသား

၊ မိုးမင်းထွန်း ၊

ထိုင်းနိုင်ငံမှ စူတက်မက်စက်တီဟာ အသက် ၂နှစ်သားကတည်းက ဦးခေါင်းနာကျင်မှုဝေဒနာခံစားနေရပါတယ်။ နောက်ပိုင်းဦးခေါင်းမှာ အသားပိုတစ်ခုပေါ်ထွက်လာခဲ့ပါတယ်။ ဆင်းရဲတာကြောင့် ကုသမှုမပြုလုပ်ခဲ့ဘဲ နှစ်တွေကြာလာတာနဲ့အမျှ အသားပိုဟာ ပိုမိုကြီးထွားလာခဲ့ပါတယ်။ ဦးခေါင်းခွံ အရွယ်အစားရဲ့ နှစ်ဆအထိဖြစ်လာခဲ့ပါတယ်။ စေတနာရှင်တချို့က စူတက်ရဲ့အကြောင်းကို သိရှိပြီးနောက် ခွဲစိတ်ခစတာလင်ပေါင် ၂၀ဝ၀ကျော်ရှိတဲ့ငွေပမာဏကို လှူဒါန်းခဲ့ကြပါတယ်။

ခွဲစိတ်မှုခံယူခဲ့ပြီးနောက် စူတက်ရဲ့ဦးခေါင်းမှ အသားပိုကြီးကို ဆရာဝန်တွေက အောင်မြင်စွာဖယ်ရှားနိုင်ခဲ့ပါတယ်။ အလွန်ပျော်ရွှင်နေတဲ့ စူတက်က ပထမဆုံးအကြိမ်အဖြစ် ဘဝကိုကျေနပ်မိနေကြောင်းဆိုပါတယ်။ ပုံမှန်ဘဝအတိုင်း နေထိုင်နိုင်တော့မှာဖြစ်ပြီး ခွဲစိတ်ခလှူဒါန်းသူတစ်ဦးချင်းကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ ယခင်က လူကြားထဲသွားတဲ့အခါ ရှက်ရွံ့သိမ်ငယ်ခဲ့ရကြောင်းနဲ့ အမျိုးသမီးတွေကလည်း စိတ်မကောင်းဖြစ်နေတဲ့ပုံစံနဲ့သာ အမြဲကြည့်ခဲ့ကြောင်း စူတက်က သူ့အတွေ့အကြုံကိုရှင်းပြပါတယ်။ ဆေးရုံကဆင်းနိုင်တဲ့အခါ အိမ်ထောင်ပြုကာ မိသားစုဘဝတစ်ခု ထူထောင်ချင်ကြောင်းလည်း ပြောကြားထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top