Healthy Life Ad
Q & A

ခဏခဏ သတိလစ်နေလို့ပါ

မေး ။ကလေးမတစ်ယောက် ခဏခဏ သတိလစ်တတ်ပါတယ်။ ငယ်ငယ်ကစပြီး သတိလစ်တာ အခု ၁၂ နှစ်အရွယ် ရှိပါပြီ။ ကျောင်းတက်နေတာပါ။ ဘယ်လိုကုသရမလဲမသိလို့ပါ။ ဆရာဝန်အတော်များများနဲ့ ပြကြည့်ပါတယ်။ မပျောက်လို့ပါ။
နိုင်ကိုကိုလတ်
ဒေါက်တာမြတ်ထွဋ်ညွန့် မှ ပြန်လည် ဖြေကြားပေးသည် ။

ဖြေ ။ အတက်ရောဂါကို ရာနှုန်းပြည့်အမြစ်ပြတ်အောင် ကုလို့မရပါဘူး။ ဒါပေမဲ့ ထိထိရောက်ရောက်ကုသမယ်၊ လိုတဲ့ဆေးဝါးတွေကို မှန်မှန်မှီဝဲမယ်ဆိုရင် အတက်ဖြစ်တဲ့အကြိမ် လျော့နည်းသက်သာစေမှာ ဖြစ်ပါတယ်။ ဆေးမှန်မှန်သောက်ပြီး ကုသမှုဆက်လက် ခံယူနေဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top