မေး. သမီးကိုယ်ဝန်က ခြောက်လရှိပါပြီ။ အရင်ကတည်းက အန်ပါတယ်။ အခုနောက်ပိုင်းအန်တာ သက်သာသွားပါပြီ။ ဒါပေမဲ့ နွားနို့သောက်ပြီးရင် ပြန်အန်တဲ့အခါ နို့အဖတ်အခဲတွေ ပြန်အန်ပါတယ်။ အဲဒါနဲ့ အခုပေါ်တဲ့ ကိုယ်ဝန်ဆောင်သောက်တဲ့ နှို့မှုန်သောက်တော့လည်း နို့အခဲအဖတ်တွေ ပြန်အန်ပါတယ်။ အဲဒါဘာကြောင့်ပါလဲဆရာမ။ မတည့်လို့လား။ ဝမ်းတော့ မပျက်ပါဘူး။ ပုံမှန်ပါပဲ။
ဝင်းဝင်းအိ၊ ဘုရင့်နောင်။
ဒေါက်တာမြတ်ထွဋ်ညွှန့်မှ ဖြေကြားပေးပါသည်။
ဖြေ. ကိုယ်ဝန်ရှိစဉ်မှာ ပျို့တာ၊ အန်တာတွေဖြစ်လေ့ရှိပြီး ကိုယ်ဝန်လရင့်လာတာနဲ့အမျှ သက်သာသွားနိုင်ပါတယ်။ ကိုယ်ဝန်ကို နီးစပ်ရာ ကျန်းမာရေးဌာနတွေမှာ ပုံမှန်ပြသစစ်ဆေးကြည့်ပါ။ အားလုံးကောင်းရင် စိုးရိမ်စရာမဟုတ်ပါ။ မကြာခင် သက်သာသွားပါလိမ့်မယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)